Yoma Car Share ကို ပုံမှန်အသုံးပြုနေသူပဲဖြစ်ဖြစ်၊ အခုမှ စတင်သုံးစွဲဖို့ ပြင်ဆင်နေသူပဲဖြစ်ဖြစ် လူကြီးမင်းတို့၏ ခရီးစဉ်တိုင်းကို အဆင်ပြေချောမွေ့ပြီး စိတ်ချမ်းမြေ့စရာဖြစ်စေဖို့ ကျွန်ုပ်တို့ဘက်မှ အမြဲတမ်း အဆင်သင့်ရှိနေပါတယ်။ ဝန်ဆောင်မှုများကို နေ့စဉ်လူနေမှုဘဝထဲမှာ အလွယ်တကူနဲ့ အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် အကောင့်စတင်လျှောက်ထားနည်း လမ်းညွှန်ချက်များနှင့်အတူ သိရှိထားသင့်သည့် စည်းမျဉ်းစည်းကမ်းတွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။
၁။ အကောင့်အသစ် လျှောက်ထားခြင်း လမ်းညွှန်
အကောင့်ဖွင့်ရုံဖြင့် Mobile App တစ်ခုတည်းနဲ့တင် ကားသော့မလိုဘဲ စတင်မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ အကောင့်လျင်မြန်စွာ အတည်ပြုနိုင်ဖို့ အောက်ပါအချက်များကို လိုက်နာရန်လိုအပ်ပါသည်။
အဆင့် ၁ – Yoma Car Share App ကို iOS, Android သို့မဟုတ် Huawei App Gallery တို့မှတစ်ဆင့် ဒေါင်းလုဒ်ရယူပါ။
အဆင့် ၂ – မိမိလက်ရှိအသုံးပြုနေသော ဖုန်းနံပါတ်ဖြင့် အကောင့်ဖွင့်ပါ။
အဆင့် ၃ – အဖွဲ့ဝင်များအားလုံး စိတ်ချလုံခြုံစွာ အသုံးပြုနိုင်ရေးအတွက် မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) နှင့် အကျုံးဝင်သော ယာဉ်မောင်းလိုင်စင်ကို မှုန်ဝါးခြင်းမရှိဘဲ ရှင်းလင်းပြတ်သားစွာ (ID Selfie) ဓာတ်ပုံရိုက်၍ Yoma Car Share App တွင် Upload ပြုလုပ်ပေးရပါမည်။
အဆင့် ၄ – ကျွန်ုပ်တို့၏ လုပ်ငန်းစိစစ်ရေးအဖွဲ့မှ အချက်အလက်များကို စစ်ဆေးအတည်ပြုပေးသွားမည်ဖြစ်ပြီး၊ အတည်ပြုပြီးသည်နှင့် မိမိနှင့် အနီးဆုံး Hub ကို မြေပုံပေါ်တွင် ရှာဖွေကာ ကားကို ချက်ချင်း စတင် Reservation ပြုလုပ်နိုင်ပါပြီ။
၂။ ယာဉ်တွင်းအသုံးအဆောင်ပစ္စည်းများ
ခရီးစဉ်အတွင်း ရာသီဥတုအပြောင်းအလဲနှင့် အရေးပေါ်အခြေအနေများအတွက် အဆင်ပြေစေရန် ကျွန်ုပ်တို့၏ မော်တော်ယာဉ်တိုင်းတွင် အောက်ပါပစ္စည်းများကို စနစ်တကျ ထည့်သွင်းပေးထားပါတယ်။
Glove Box အတွင်းတွင်
- Fuel Refill Book/ Card (Max, PT Power, Denko, 360, BOC)
- Vehicle Registration Card
- Multi-Cable Charger
- Mini Healthcare Kit
- Tap Card
- Emergency Contact list
- Wheel Tax တို့ပါဝင်မှာဖြစ်ပါတယ်။
သတိပြုရန်
အဆိုပါ အသုံးအဆောင်ပစ္စည်းများသည် ယာဉ်အတွင်း အသုံးပြုရန်အတွက်သာ ဖြစ်သောကြောင့် ခရီးစဉ်အဆုံးသတ်ချိန်တွင် နောက်ထပ်အသုံးပြုမည့် အဖွဲ့ဝင်များလည်း တူညီသော ဝန်ဆောင်မှုကောင်းကို ရရှိနိုင်စေရန် ယာဉ်ပေါ်တွင် စနစ်တကျ ပြန်လည်ထားရှိပေးခဲ့ပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
၃။ မိသားစုနှင့် အဖွဲ့အစည်းများအတွက် ယာဉ်အမျိုးအစားများ
အဖွဲ့ဝင်အင်အား များပြားလို့ ခရီးစဉ်အတွက် စိတ်ပူစရာမလိုပါဘူး။ ကျွန်ုပ်တို့တွင် မိသားစုအလိုက် သွားလာနိုင်မည့် ကားအမျိုးအစားများကို Yoma Car Share App ထဲရှိ “Find a Car” Feature မှတစ်ဆင့် 7-Seater, 10-Seater နှင့် 14-Seater ကားများကို မိမိလိုအပ်ချက်အလိုက် အလွယ်တကူ ရှာဖွေဘွတ်ကင် ပြုလုပ်နိုင်ပါသည်။
၄။ လိုက်နာရမည့် ယာဉ်တွင်း စည်းကမ်းချက်များ
Yoma Car Share ကို အသုံးပြုကြမည့် အဖွဲ့ဝင်တိုင်း သန့်ရှင်းပြီး ဘေးအန္တရာယ်ကင်းရှင်းသော ပတ်ဝန်းကျင်တစ်ခုကို ရရှိခံစားနိုင်စေရန် အောက်ပါစည်းကမ်းချက်များကို အထူးဂရုပြု လိုက်နာပေးပါရန် နှိုးဆော်အပ်ပါသည် –
- ဆေးလိပ်နှင့် လျှပ်စစ်စီးကရက် သောက်သုံးခြင်း လုံးဝမပြုရ။
- ကွမ်းယာစားခြင်းနှင့် ကွမ်းတံတွေးထွေးခြင်း လုံးဝမပြုရ။
- အနံ့ပြင်းသည့် အစားအစာများ – အနံ့ပြင်းလွန်းသော အစားအသောက်များကို ယာဉ်အတွင်းသို့ ယူဆောင်လာခြင်း သို့မဟုတ် စားသောက်ခြင်း မပြုလုပ်ပါရန်။
- အိမ်မွေးတိရစ္ဆာန်များ ယူဆောင်ခြင်း အိမ်မွေးတိရစ္ဆာန်များအား သတ်မှတ်ထားသော သယ်ဆောင်သည့် အိတ် သို့မဟုတ် ခြင်း (Carrier) များဖြင့်သာ စနစ်တကျ ထည့်သွင်းသယ်ဆောင်ရပါမည်။
- မူးယစ်၍ မောင်းနှင်ခြင်း လုံးဝ(လုံးဝ)မပြုရ။
အဆိုပါ တားမြစ်ချက်များကို လိုက်နာခြင်းမရှိပါက စည်းကမ်းဖောက်ဖျက်မှုအတွက် ဒဏ်ကြေးငွေ မြန်မာကျပ်ငွေ ၂၀၀,၀၀၀ အထိ ပေးဆောင်ရနိုင်ပါသည်။
၅။ ဘွတ်ကင်အချိန်နှင့် အလိုအလျောက် ပယ်ဖျက်ခြင်းစနစ်
လုပ်ငန်းများစနစ်တကျ လည်ပတ်နိုင်ရေးအတွက် လူကြီးမင်းတို့ Reservation ပြုလုပ်ထားသော သတ်မှတ်အချိန်ထက် ၁ နာရီအတွင်း ရောက်ရှိမလာပါက အလိုအလျောက် ပယ်ဖျက်ခြင်း ပြုလုပ်ခြင်းမှ ကာကွယ်ရန် ကျွန်ုပ်တို့၏ ၂၄ နာရီ Hotline သို့ ကြိုတင်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ ခရီးစဉ်အတွင်း အခက်အခဲတစ်စုံတစ်ရာရှိပါက သို့မဟုတ် သွားလာရင်း အချိန်တိုးမြှင့်လိုပါက ကျွန်ုပ်တို့၏ Hotline ဖုန်းနံပါတ် 09 966 235 338 သို့ ချက်ချင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ကျွန်ုပ်တို့အား ဘေးအန္တရာယ်ကင်းရှင်း၊ သန့်ရှင်းသပ်ရပ်ပြီး ထိရောက်မြန်ဆန်နေစေရန် စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်ပေးမှုများအတွက် ကျေးဇူးအထူးတင်ရှိပါသည်။
Let’s Go Together!




