အအေးခန်းစနစ်ဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး (Cold Chain Logistics)၊ ဆေးဝါးများနှင့် တန်ဖိုးကြီးစားသောက်ကုန် လုပ်ငန်းများတွင် လမ်းခရီးတစ်လျှောက် အပူချိန်ကို တသမတ်တည်း ထိန်းညှိထားနိုင်မှုက အလွန်အရေးကြီးပါသည်။ လမ်းခရီးတွင် အပူချိန် အနည်းငယ် ပြောင်းလဲသွားရုံမျှဖြင့် သယ်ဆောင်လာသော ကုန်ပစ္စည်းတစ်ခုလုံး ပျက်စီးဆုံးရှုံးနိုင်ပြီး လုပ်ငန်း၏ ဂုဏ်သတင်းနှင့် ဘဏ္ဍာရေးကိုပါ ကြီးမားစွာ ထိခိုက်စေနိုင်ပါသည်။
Yoma InnoSights ၏ IoT နည်းပညာများသည် အအေးခန်းယာဉ်များ၏ လမ်းခရီးအခြေအနေကို အမြဲမပြတ် သိရှိနိုင်ရန် ကူညီပေးနေပါသည်။ ကျွန်ုပ်တို့၏ အဆင့်မြင့် Sensor စနစ်များသည် ကုန်သေတ္တာအတွင်းရှိ အပူချိန်နှင့် စိုထိုင်းဆ အခြေအနေများကို အချိန်နှင့်တပြေးညီ (Real-time) တိုင်းတာပေးနေသောကြောင့် ပစ္စည်းများ စတင်တင်ဆောင်ချိန်မှစ၍ သတ်မှတ်နေရာသို့ ရောက်ရှိသည်အထိ စိတ်ချလက်ချ ရှိနေစေမည် ဖြစ်သည်။
လမ်းခရီးတစ်လျှောက် ကုန်ပစ္စည်းများ၏ အခြေအနေကို အသေးစိတ် စောင့်ကြည့်ခြင်း
ခရီးစဉ်အစနှင့် အဆုံးတွင်သာ အပူချိန်ကို ကိုယ်တိုင်ဝင်ရောက် စစ်ဆေးခြင်းသည် လုံလောက်မှု မရှိနိုင်ပါ။ Yoma InnoSights စနစ်သည် အောက်ပါနည်းလမ်းများဖြင့် ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုကို ကြိုတင်ကာကွယ်ပေးပါသည် –
- အပူချိန်နှင့် စိုထိုင်းဆကို အမြဲမပြတ် တိုင်းတာခြင်း
ကုန်သေတ္တာအတွင်း တပ်ဆင်ထားသော စနစ်က အပူချိန်ကို အစဉ်မပြတ် တိုင်းတာပေးနေသောကြောင့် သတ်မှတ်ထားသည့် အပူချိန်အတိုင်း ရှိ၊ မရှိကို မန်နေဂျာများက ဖုန်းထဲမှနေ၍ တိုက်ရိုက် စောင့်ကြည့်နိုင်ပါသည်။
- အပူချိန်ပြောင်းလဲပါက အကြောင်းကြားခြင်း
ကားရေခဲသေတ္တာ ချို့ယွင်းချက်ကြောင့်ဖြစ်စေ၊ ကုန်သေတ္တာတံခါး သေချာမပိတ်မိ၍ဖြစ်စေ သတ်မှတ်အပူချိန်ထက် ကျော်လွန် သို့မဟုတ် လျော့နည်းသွားပါက (System)စနစ်မှ တာဝန်ရှိသူများထံသို့ ဖုန်း Notification နှင့် အီးမေးလ်များမှတစ်ဆင့် အသိပေးချက် ပေးပို့ပေးပါသည်။
- ကုန်သေတ္တာတံခါး အဝင်အထွက် စောင့်ကြည့်ခြင်း
ကုန်သေတ္တာတံခါးကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင် ဖွင့်လှစ်ခဲ့သည်ကို တိကျစွာ မှတ်တမ်းတင်ပေးသောကြောင့် ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ခြင်းနှင့် တံခါးကြာရှည်ဖွင့်ထားခြင်းကြောင့် အပူချိန် လေလွင့်မှုများကို တားဆီးပေးနိုင်ပါသည်။
- စံချိန်စံညွှန်း ပြည့်မီမှုနှင့် စနစ်တကျ မှတ်တမ်းတင်နိုင်မှု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းကမ်းချက်များအတိုင်း ကုန်ပစ္စည်းများကို စနစ်တကျ သယ်ယူပို့ဆောင်ခဲ့ကြောင်း သက်သေပြနိုင်ရန် သမိုင်းကြောင်းမှတ်တမ်း (History Log) များ လိုအပ်ပါသည်။ Yoma InnoSights စနစ်သည် လမ်းခရီးတစ်လျှောက် ဖြစ်ပေါ်ခဲ့သော အပူချိန်ပြောင်းလဲမှု အားလုံးကို အလိုအလျောက် မှတ်တမ်းတင်ပေးထားပါသည်။
အဆိုပါ မှတ်တမ်းများကြောင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ အပ်နှံသူ Customer များနှင့် စစ်ဆေးရေးအဖွဲ့အစည်းများထံသို့ ကုန်ပစ္စည်းများကို စနစ်တကျ သယ်ဆောင်ခဲ့ကြောင်း တိကျသော အစီရင်ခံစာများ ထုတ်ယူပြသနိုင်သဖြင့် လုပ်ငန်းအချင်းချင်း ယုံကြည်မှုကို ပိုမိုခိုင်မာစေမည် ဖြစ်သည်။
- မည်သည့်နေရာမှမဆို လွယ်ကူစွာ စောင့်ကြည့်နိုင်ခြင်း
လုပ်ငန်းခွင်အတွင်း အဆင်ပြေချောမွေ့စေရန်အတွက် ကုန်သေတ္တာအတွင်းရှိ အပူချိန်အခြေအနေများနှင့် လုံခြုံရေးဆိုင်ရာ Real-time အသိပေးချက် အားလုံးကို မိမိတို့၏ လက်ကိုင်ဖုန်းများမှတစ်ဆင့် အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ စီမံခန့်ခွဲသူများအနေဖြင့် Huawei App Gallery၊ App Store နှင့် Play Store တို့မှတစ်ဆင့် Yoma InnoSights Application ကို အလွယ်တကူ ဒေါင်းလုဒ်ရယူနိုင်ပါသည်။
လူကြီးမင်းတို့၏ တန်ဖိုးကြီး ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရန်နှင့် စနစ်တကျ သယ်ယူပို့ဆောင်နိုင်ရန်အတွက် ခေတ်မီ IoT နည်းပညာကို အခုပဲ ရွေးချယ်လိုက်ပါ။
အအေးခန်းသုံး Sensor တပ်ဆင်မှုများနှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းမေးမြန်းလိုပါက ကျွန်ုပ်တို့၏ ၂၄ နာရီ Hotline ဖုန်း – 09-YOMAFLEET (09 966235338) သို့မဟုတ် ကော်ပိုရိတ်အီးမေးလ် contact@yomainnosights.com မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။




