လုပ်ငန်းသုံးမော်တော်ယာဉ်များနှင့် စက်ယန္တရားများကို အသုံးပြုပြီး လည်ပတ်နေရသည့် စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်ရသည်မှာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စိန်ခေါ်မှုများစွာ ရှိပါသည်။ စက်သုံးဆီစျေးနှုန်း မတည်ငြိမ်မှုများ၊ မမျှော်လင့်ဘဲ ကုန်ကျရသည့် ပြုပြင်ထိန်းသိမ်းမှုစရိတ်များနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများအကြား မိမိတို့၏ လုပ်ငန်းသုံးယာဉ်များကို အမြဲတမ်း စွမ်းဆောင်ရည်ပြည့်ဝနေစေရန် စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းချုပ်နိုင်မှုက အဓိကသော့ချက် ဖြစ်လာပါသည်။
Yoma InnoSights ၏ IoT) ဝန်ဆောင်မှုများနှင့်အတူ လုပ်ငန်းရှင်များနှင့် ထောက်ပံ့ပို့ဆောင်ရေး (Logistics) မန်နေဂျာများအနေဖြင့် မှန်းဆလုပ်ဆောင်ရသည့် အခြေအနေများကို အဆုံးသတ်နိုင်ပြီ ဖြစ်သည်။ ကျွန်ုပ်တို့၏ စနစ်သည် လူကြီးမင်းတို့၏ အဖိုးတန်ပိုင်ဆိုင်မှုများကို (၂၄) နာရီပတ်လုံး Real-time စောင့်ကြည့် စီမံခန့်ခွဲနိုင်မည့် လုံခြုံစိတ်ချရသော ဒစ်ဂျစ်တယ်ဂေဟစနစ်တစ်ခုကို ထောက်ပံ့ပေးထားပြီး ယာဉ်များမှရရှိသော အချက်အလက်များကို လုပ်ငန်းအတွက် အသုံးချနိုင်မည့် အချက်အလက်များအဖြစ် ပြောင်းလဲပေးပါသည်။
အကယ်၍ လူကြီးမင်းတို့အနေဖြင့် လုပ်ငန်းလည်ပတ်မှုများကို ပိုမိုမြန်ဆန်ချောမွေ့စေရန်နှင့် မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ထိန်းသိမ်းရန် ပြင်ဆင်နေပါက အချိန်နှင့်တပြေးညီ သိရှိနိုင်မည့် အသိပေးချက် (Notification) များနှင့် အချက်အလက်ဆန်းစစ်မှုများက မည်သို့ ထိန်းချုပ်ကူညီပေးနိုင်မည်ကို လေ့လာကြည့်ကြပါစို့။
Real-Time Fleet Analytics ၏ စွမ်းဆောင်ရည်
မော်တော်ယာဉ်အုပ်စုကို ထိရောက်စွာ စီမံခန့်ခွဲခြင်းဆိုသည်မှာ ယာဉ်မောင်းများ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို သိရုံမျှတင် မကဘဲ မိမိတို့၏ အဖိုးတန်ပိုင်ဆိုင်မှုများကို နေ့စဉ် မည်သို့အသုံးပြုနေကြသည်ကိုပါ အသေးစိတ် နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ Yoma InnoSights Mobile Application မှတစ်ဆင့် လုပ်ငန်းရှင်များနှင့် ကော်ပိုရိတ်အဆင့် စီမံခန့်ခွဲသူများသည် အောက်ပါ အရေးကြီးအချက်အလက် (၃) ခုကို အချိန်မရွေး ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည် –
- တိကျသော တည်နေရာကို ခြေရာခံနိုင်ခြင်း (Precise Location Tracking)
ယာဉ်များ၏ တည်နေရာကို အချိန်နှင့်တပြေးညီ တိကျစွာ သိရှိနိုင်ခြင်းကြောင့် မောင်းနှင်ရမည့် လမ်းကြောင်းများကို အကောင်းဆုံး ပုံဖော်နိုင်ပြီး ပို့ဆောင်မှုကြာချိန်များကို တိကျစွာ ခန့်မှန်းနိုင်မည် ဖြစ်သည်။
- မောင်းနှင်သည့်အရှိန်နှင့် မောင်းနှင်မှုပုံစံများကို လေ့လာဆန်းစစ်နိုင်ခြင်း (Driving Speed and Behavior Insights)
ယာဉ်မောင်းများ၏ မောင်းနှင်မှုအရှိန်၊ ရုတ်တရက် ဘရိတ်နင်းမှုများနှင့် စက်နှိုးလျက် အချိန်ကြာမြင့်စွာ ရပ်တန့်ထားမှုပုံစံများကို စောင့်ကြည့်နိုင်သည်။ အဆိုပါ မောင်းနှင်မှုပုံစံများကို တည့်မတ်ပေးခြင်းဖြင့် လမ်းအန္တရာယ်ကင်းရှင်းရေးကို မြှင့်တင်နိုင်မည့်အပြင် ကားများ၏ ရေရှည်ကြံ့ခိုင်မှုကိုပါ ထိန်းသိမ်းနိုင်မည် ဖြစ်သည်။
- စက်သုံးဆီအသုံးပြုမှု ပမာဏကို စစ်ဆေးနိုင်ခြင်း (Fuel Consumption Monitoring)
စက်သုံးဆီကုန်ကျစရိတ်သည် လုပ်ငန်းလည်ပတ်မှုစရိတ်များတွင် အမြင့်မားဆုံး ကုန်ကျစရိတ်တစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့၏ စနစ်သည် ဆီအသုံးပြုမှုပုံစံများကို တိကျစွာ တိုင်းတာပေးနိုင်သောကြောင့် မလိုအပ်ဘဲ ဆီလေလွင့်မှုများနှင့် မသမာဘဲ ဆီထုတ်ယူမှုများကို ချက်ချင်းသိရှိနိုင်ပြီး ကုန်ကျစရိတ်များကို အကောင်းဆုံး လျှော့ချပေးနိုင်မည် ဖြစ်သည်။
အသိပေးချက်များကို ဂရုပြုပါ၊ ဆုံးရှုံးနိုင်ခြေများကို ကာကွယ်ပါ
စီးပွားရေးလုပ်ငန်းများတွင် ပုံမှန်မဟုတ်သော အခြေအနေတစ်ခုခု ဖြစ်ပွားလာပါက အချိန်နှင့်တပြေးညီ မသိရှိနိုင်ခြင်းသည် ကြီးမားသော ဘဏ္ဍာရေးဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်သည်။ ခွင့်ပြုချက်မရှိဘဲ ယာဉ်ကိုအသုံးပြုခြင်း သို့မဟုတ် ယာဉ်ခိုးယူခံရခြင်း စသည့် အခြေအနေများတွင် ချက်ချင်း အရေးယူဆောင်ရွက်ရန် လိုအပ်ပါသည်။
Yoma InnoSights စနစ်တွင် လုပ်ငန်းခွင်အတွင်း ဆုံးရှုံးနိုင်ခြေများကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးမည့် အလိုအလျောက် အသိပေးစနစ် (Automated Alert System) ပါဝင်သည်။ စနစ်မှ မသမာဖွယ်လုပ်ဆောင်ချက် သို့မဟုတ် ယာဉ်ခိုးယူခံရနိုင်သည့် အခြေအနေကို သိရှိသည်နှင့်တစ်ပြိုင်နက် လုပ်ငန်းစီမံခန့်ခွဲမှုအဖွဲ့ထံသို့ Application Notification နှင့် Email များမှတစ်ဆင့် အချိန်နှင့်တပြေးညီ (Real-time) ချက်ချင်း အကြောင်းကြားစာ ပေးပို့သွားမည် ဖြစ်သည်။
အဆိုပါ အသိပေးချက် (Notification) များ ဝင်လာတိုင်း ပုံမှန်ဝင်ရောက်စစ်ဆေးခြင်းဖြင့် လုပ်ငန်းရှင်များအနေဖြင့် ကြိုတင်ကာကွယ်မှုများကို အချိန်မီ ပြုလုပ်နိုင်ပြီး ဆုံးရှုံးမှုများ မဖြစ်ပွားမီ မိမိတို့၏ မြင့်မားသော ကော်ပိုရိတ်အဆင့် ပိုင်ဆိုင်မှုများကို ကာကွယ်နိုင်မည် ဖြစ်သည်။
စနစ်တကျ ချိတ်ဆက်အသုံးပြုနိုင်မှု
လုပ်ငန်းစီမံခန့်ခွဲမှုစနစ်များသည် လူကြီးမင်းတို့ သွားလေရာနေရာတိုင်းမှာ အလွယ်တကူ အသုံးပြုနိုင်ရန် လိုအပ်ပါသည်။ ထို့ကြောင့် Yoma InnoSights ၏ အရေးကြီးအချက်အလက်များနှင့် လုံခြုံရေးဆိုင်ရာ Real-time အသိပေးချက်များကို Huawei App Gallery၊ App Store နှင့် Play Store တို့မှတစ်ဆင့် လွယ်ကူစွာ ဒေါင်းလုဒ်ရယူနိုင်ပါသည်။
ခေတ်မီဆန်းသစ်သော IoT နည်းပညာကို အသုံးချခြင်းဖြင့် လူကြီးမင်းတို့၏ လုပ်ငန်းကုန်ကျစရိတ်များကို လျှော့ချနိုင်ပြီး၊ ယာဉ်မောင်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းသုံးစက်ယန္တယားများ၏ လုံခြုံရေးကို စိတ်ချလက်ချ ထိန်းသိမ်းနိုင်မည် ဖြစ်သည်။
Yoma InnoSights ၏ နည်းပညာများဖြင့် လူကြီးမင်းတို့၏ လုပ်ငန်းထောက်ပံ့ပို့ဆောင်ရေးကဏ္ဍကို မည်သို့အသွင်ပြောင်းလဲနိုင်မည်ကို အသေးစိတ်သိရှိလိုပါက ကျွန်ုပ်တို့၏ ၂၄ နာရီ Hotline ဖုန်း – 09-YOMAFLEET (09 966235338) သို့မဟုတ် ကော်ပိုရိတ်အီးမေးလ် contact@yomainnosights.com မှတစ်ဆင့် ယနေ့ပဲ ဆက်သွယ်စုံစမ်းနိုင်ပါသည်။



