သယ်ယူပို့ဆောင်ရေးနှင့် ဘဏ္ဍာရေး ၀န်ဆောင်မှုများ

အဆင့်မြင့်နည်းပညာများကိုသုံးပြီး လွယ်ကူ မြန်ဆန်သည့် စနစ်ဖြင့် တစ်နေရာတည်းမှာရနိုင်သော ဝန်ဆောင်မှုများ

Car Share

အွန်လိုင်းစနစ်ဖြင့် ငှားနိုင်သည့် ကိုယ်တိုင်မောင်းကားအငှားဝန်‌ဆောင်မှု

PLUS+

ပိုလွယ်၊ ပိုမြန်၊ ပိုကောင်းတဲ့ PLUS+ နှင့်အတူ သင့်လိုအပ်ချက်တွေကို ဖြည့်ဆည်းလိုက်ပါ။

Yoma InnoSights

တစ်ဦးချင်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် IoT ဝန်ဆောင်မှုများ

ကုမ္ပဏီယဉ်ကျေးမှု

ကျွန်ုပ်တို့သည် တီထွင်ကြံဆမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ သမာဓိရှိမှုနှင့် ရိုသေလေးစားမှု ဆိုသည့် ကျင့်ဝတ်လေးချက်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားလျှက်ရှိသည်။ ကျွန်ုပ်တို့သည် ဖန်တီးမှုစွမ်းအားနှင့် စဥ်ဆက်မပြတ်တိုးတက်မှုများကို လက်ခံကျင့်သုံးပြီး၊ တူညီသောပန်းတိုင်များကို အောင်မြင်အောင် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ပါသည်။ ကွဲပြားမှုများကို တန်ဖိုးထားပြီး၊ မည်သူမဆို လေးစားခြင်းနှင့် တန်ဖိုးရှိကြောင်း ခံစားနိုင်စွမ်းရှိသည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးလျှက်ရှိသည်။ ဤကျင့်ဝတ်များသည် ကျွန်ုပ်တို့၏ အောင်မြင်မှုကို ဦးဆောင်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို လမ်းညွှန်ပေးပါသည်။

...

ကျွန်ုပ်တို့၏ ကျင့်ဝတ်

တီထွင်ကြံဆမှု
...

ကျွန်ုပ်တို့၏ ကျင့်ဝတ်

ပူးပေါင်းဆောင်ရွက်မှု
...

ကျွန်ုပ်တို့၏ ကျင့်ဝတ်

သမာဓိရှိမှု
...

ကျွန်ုပ်တို့၏ ကျင့်ဝတ်

ရိုသေလေးစားမှု
Yoma Fleet Company’s Culture

ကျွန်ုပ်တို့၏ မျှော်မှန်းချက်

တစ်နေရာတည်း၌ ပြီးပြည့်စုံသော သယ်ယူပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန်

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်

သယ်ယူပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကဏ္ဍများမှတဆင့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်သော နေထိုင်မှုဘဝကို တည်ဆောက်ရန်

ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များ

ကျွန်ုပ်တို့သည် လူကြီးမင်းတို့အတွက် လိုအပ်သော မော်တော်ယာဉ်အမျိုးမျိုး (သို့မဟုတ်) စက်လုပ်ငန်းသုံး ယန္တရားများကို မြန်မာနိုင်ငံတွင် ငှားရမ်းဝယ်ယူခြင်းနှင့် ရောင်းချခြင်း စသည်တို့ကို ဆောင်ရွက်လုပ်ကိုင်လျှက် ရှိသည်။ ကျွန်ုပ်တို့သည် လူကြီးမင်း၏ တစ်ဦးတစ်ယောက်ချင်း (သို့မဟုတ်) စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်စေရန် ပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံ၏ လုပ်ငန်းစဉ်များနှင့်အညီ အကြံပေးဆောင်ရွက်လျက် ရှိသည်။
Yoma Car Share

Yoma Car Share

Yoma Car Share သည် ပို့ဆောင်ရေး လိုအပ်ချက်များကို ဖြေရှင်းရန် နာရီပိုင်းမှစတင်ပြီး လပိုင်းအထိငှားရမ်းနိုင်သော ကားအငှား ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်။ Yoma Car Share သည် ကိုယ်တိုင်မောင်းစနစ်ဖြင့် မောင်းနှင်ရမည်ဖြစ်ပြီး နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုထားသည့်အတွက် ကားသော့မလိုအပ်ခြင်း၊ အခြားသူများနှင့် ထိတွေ့ဆက်ဆံစရာမလိုအပ်ခြင်း၊ ငွေသားဖြင့်ပေးချေစရာ မလိုအပ်ခြင်းနှင့် နိုင်ငံတစ်ဝန်းတွင် ငှားရမ်းရန် အချက်အချာကျသည့် နေရာများတွင် ဆက်လက်တိုးချဲ့လျက် ရှိသည်။
carsales

Car Sales

Yoma Fleet မှ Car Sales သည် မြန်မာနိုင်ငံရှိ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် မော်တော်ကား အရောင်းအဝယ်ပြုသူများ ပါဝင်ရောက်ပြီး အင်တာနက်မှတဆင့် လေလံဆွဲနိုင်သော ကားလေလံ ဝက်ဘ်ဆိုဒ်ဖြစ်သည်။ Yoma Fleet ၏ လုပ်ငန်းတွင် အသုံးပြုပြီး ကျွန်ုပ်တို့ သတ်မှတ်ထားသော သက်တမ်းပြည့်သည်နှင့် ရောင်းချခြင်း ဖြစ်သည့်အပြင် အခြားကားကုမ္ပဏီများနှင့် တစ်ဦးချင်း ပြန်လည်ရောင်းချလိုသူများမှ ပါဝင်ရောင်းချခြင်းဖြစ်သည့် အတွက်ကြောင့် စိတ်ချယုံကြည်စွာဖြင့် အရည်အသွေးမြင့် မော်တော်ယာဥ်များကို အဆင်ပြေ ချောမွေ့လွယ်ကူစွာ လေလံ ဆွဲနိုင်ပါသည်။
Truck & Trailer

Truck & Trailer

လူကြီးမင်းလုပ်ငန်းအတွက် အရေးပေါ်လိုအပ်သော သယ်ယူပို့ဆောင်ရေး လိုအပ်ချက်များကို Truck & Trailer မှ ကုန်သယ်ယာဉ်များဖြင့် ငှားရမ်းကာ ဖြည့်ဆည်းပေးလျက် ရှိပါသည်။ ကျွန်ုပ်တို့သည် ကုန်သယ်ယာဉ်နှင့် တွဲများကို လူကြီးမင်းလုပ်ငန်း လိုအပ်ချက်များအတိုင်း သက်သာသောနှုန်းထားများဖြင့် ငှားရမ်းပေးလျှက် ရှိသည်။
Yomafleet Ferry Service

Ferry Service

Yoma Fleet သည် ရန်ကုန်နှင့် အနီးတဝိုက် မြို့နယ်များရှိ ကုမ္ပဏီများ၏ နေ့စဉ် သွားလာရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက် ရှိသည်။ ထို့အပြင် အိမ်ရာများနှင့် စမတ်မြို့များသို့ ခေါက်တုံ့ခေါက်ပြန် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများကိုလည်း ပေးဆောင်ထားပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများသည် အခက်ခဲမရှိစေရန် ပုံဖော်ထားပြီး ယာဉ်မောင်းများနှင့် လောင်စာဆီများ ပါရှိသောကြောင့် ကျွန်ုပ်တို့၏ ခရီးသည်များအတွက် သက်တောင့်သက်သာရှိပြီး ချောမွေ့သောခရီးကို သေချာစေပါသည်။
Lease to buy

Lease to Buy

ငှားရမ်းဝယ်ယူခြင်း ဆိုသည်မှာ မော်တော်ယာဥ်အသစ်များ (သို့) မရှိမဖြစ်လိုအပ်သော လုပ်ငန်းဆိုင်ရာ စက်ယန္တရားများ ဝယ်ယူရန်အတွက် ရိုးရှင်းသော ဖြေရှင်းချက်များဖြင့် ပံ့ပိုးဆောင်ရွက်လျှက် ရှိသည်။ မြန်ဆန်သော ဝန်ဆောင်မှု၊ နည်းပါးသော စာရွက်စာတမ်းနှင့် သင့်တင့်သော နှုန်းထားများ ဖြင့် ကားအသစ် (သို့မဟုတ်) လုပ်ငန်းသုံး ယာဉ်ယန္တရားများကို ကနဦးပေးချေရသည့် ပမာဏရာခိုင်နှုန်း နည်းသည့်အပြင် လစဉ်ကြေး ပေးချေခြင်းဖြင့် လူကြီးမင်း လုပ်ငန်းများကို လျှင်မြန်စွာ တိုးချဲ့စေနိုင်သည်။
Easy Lease

Easy Lease

Easy Lease သည် လူကြီးမင်းကိုယ်ပိုင် (သို့မဟုတ်) လုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် လိုအပ်သည့် ပို့ဆောင်ရေး လုပ်ငန်းများကို အပြည့်အဝဆောင်ရွက်ပေးလျက် ရှိသည်။ ကားဝယ်သည်မှ လူကြီးမင်းလက်ဝယ်ရှိသည်အထိ လိုအပ်မှုအားလုံးကို ဆောင်ရွက်ပေးရုံသာမက ကားငှားရမ်းကာလအတွင်း ပြုပြင်ထိန်းသိမ်းမှု၊ အစားထိုးယာဉ်ပေးမှု အစရှိသည့် ဝန်ဆောင်မှုများကို သက်သာသင့်တင့်သော နှုန်းထားများနှင့် ဝန်ဆောင်ပေးလျက်ရှိသည်။
PLUS

PLUS+

PLUS+သည် မြန်မာနိုင်ငံရှိ တရားဝင်မှတ်ပုံတင်ထားသော ကုမ္ပဏီများနှင့် အဖွဲ့အစည်းများရှိ ဝန်ထမ်းများ၏ ပျော်ရွှင်မှုနှင့် စိတ်ချမ်းသာမှုကို မြှင့်တင်ရန်အတွက် အတွက် ဦးစားပေးဆောင်ရွက်ထားပါသည်။ ဝန်ထမ်းများသည် နေ့စဉ်လူနေမှုဘဝတွင် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို လစဉ်လစာထဲမှ ပုံသေငွေသွင်းသည့်စနစ်ဖြင့် PLUS+ တွင်ဝယ်ယူနိုင်ပြီး လုပ်ငန်းရှင်များဘက်မှလည်း မည်သည့်ငွေကြေးမျှ စိုက်ထုတ်ရန် မလိုအပ်သောကြောင့် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူး ရရှိစေပါသည်။
Yoma InnoSights

Yoma InnoSights

ကျွန်ုပ်တို့၏ ခေတ်မီပြည့်စုံသော ဝန်ဆောင်မှုများသည် အချိန်နှင့်တပြေးညီ အချက်အလက်များ၊ အဆင့်မြင့်သုံးသပ်ချက်များနှင့် ကောင်းမွန်သော ဆက်သွယ်မှုများ ပေါင်းစပ်ကာ စွမ်းဆောင်ရည်တိုးတက်စေရန်၊ လုံခြုံမှုနှင့် လုပ်ငန်းဆောင်တာများ ပိုမိုထိရောက်စေရန်နှင့် စီးပွားရေးကဏ္ဍ အမျိုးမျိုးတွင် ပံ့ပိုးပေးရန် ဦးတည်ဆောင်ရွက်နေပါသည်။ ကျွန်ုပ်တို့၏ အဆင့်မြင့် ကိရိယာများဖြင့် သင်သည် ပြိုင်ဆိုင်မှုအတွက် အမြဲတမ်း ဦးဆောင်နေပြီး သင့်လုပ်ငန်းတွင် ယှဥ်ပြိုင်မှုကင်းသော အောင်မြင်မှုကို ရရှိနိုင်ပါသည်။ သင့်လုပ်ငန်းကို နောက်တစ်ဆင့်တက်လှမ်းနိုင်စေရန် ကျွန်ုပ်တို့ကို ယုံကြည်လိုက်ပါ - ကျွန်ုပ်တို့၏ ဖြေရှင်းနည်းများသည် သင့်မျှော်လင့်ချက်များကို ကျော်လွန်မည်ဟု ယုံကြည်ပါသည်။

0

Brands

0

AUM

0

Fleets

0

Employees

0

Locations

ကျွန်ုပ်တို့အကြောင်း

Yoma Fleet တွင် လူကြီးမင်းတို့အား ၁၀ဝ% ကျေနပ်မှု ရရှိစေရန်အတွက် ကဏ္ဍအသီးသီး မှ ကျွမ်းကျင် ဝန်ထမ်းများက လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများ (သို့မဟုတ်) တစ်ဦးချင်းစီ၏လုပ်ငန်းကို ထိရောက်မှုရှိစွာ ပုံမှန် လည်ပတ်နိုင်စေရန် ပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် ထောက်ပံ့ပေးလျက် ရှိပါသည်။ PLUS+ ဆိုသည်မှာ လုပ်ငန်းရှင်များအတွက် ၎င်းတို့၏ဝန်ထမ်းများ လုပ်ငန်းခွင်တွင် မြဲမြံစေရန်၊ စိတ်ပျော်ရွှင်မှုရှိစေရန်နှင့် ဝန်ထမ်းများ ငွေရေးကြေးရေး အဆင်ပြေစွာဖြင့် နေ့စဉ်လူနေမှု ဘဝတွင် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူနိင်သည့် e-commerce အစီအစဉ်တစ်ခု ဖြစ်ပါသည်။ Yoma InnoSights ဆိုသည်မှာ နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုကာ ယာဉ်စီမံခန့်ခွဲခြင်း၊ ပစ္စည်းတည်နေရာ ခြေရာခံခြင်းနှင့် အချက်အလက်ကို အခြေခံပြီး ဆုံးဖြတ်ချက်များ ချမှတ်ခြင်း စသည့် ခေတ်မီဖြေရှင်းနိုင်စွမ်းများကို အထူးလုပ်ဆောင် ပံ့ပိုးလျက်ရှိပါသည်။ ထို့အပြင် အနာဂတ်မှာလည်း ခေတ်မီနည်းပညာများကိုအသုံးပြုပြီး ကဏ္ဍပေါင်းစုံမှာ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများဖြင့် စဥ်ဆက်မပြတ်ဖော်ဆောင်ပြီး အကောင်းဆုံးဝန်ဆောင်မှုများပေးသွားမှာဖြစ်သဖြင့်စိတ်လှုပ်ရှားစေပါသည်။

မိတ်ဖက်ကုမ္ပဏီများ

century

Newsletter နှင့် Blog ရှိ နောက်ဆုံးရ အချက်အလက်များ

နွေရာသီခရီးစဉ်တွေအတွက် Yoma Car Share က ဘယ်လိုအကောင်းဆုံးအဖော်မွန် ဖြစ်နိုင်မလဲ?
နွေရာသီခရီးစဉ်တွေအတွက် Yoma Car Share က ဘယ်လိုအကောင်းဆုံးအဖော်မွန် ဖြစ်နိုင်မလဲ?

မြန်မာနိုင်ငံ၏ နွေရာသီသည် အပန်းဖြေခရီးသွားဖို့ အကောင်းဆုံးအချိန်ဖြစ်သော်လည်း ရန်ကုန်နှင့်မန္တလေးလို မြို့ကြီးများတွင် မြင့်တက်လာသည့် အပူရှိန်နှင့် ယာဉ်ကြောပိတ်ဆို့မှု ဒဏ်များကို ရင်ဆိုင်ရမဲ့ အချိန်လည်း ဖြစ်ပါသည်။ ဒါကြောင့် မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်...

၂၀၂၆ ခုနှစ်အတွက် လုပ်ငန်းများ သိထားသင့်သော ယာဉ်စီမံခန့်ခွဲမှုနည်းပညာ
၂၀၂၆ ခုနှစ်အတွက် လုပ်ငန်းများ သိထားသင့်သော ယာဉ်စီမံခန့်ခွဲမှုနည်းပညာ

၂၀၂၆ ခုနှစ်တွင် ယာဉ်စီမံခန့်ခွဲမှုစနစ်သည် ယာဉ်ယန္တရားများကို ခြေရာခံခြင်းထက် ပိုလာပြီး လုပ်ငန်းလည်ပတ်မှုကို ထိရောက်စွာ မြှင့်တင်နိုင်ရန်၊ ကုန်ကျစရိတ်များကို လျှော့ချရန်နှင့်...

မိတ်ဖက်လုပ်ငန်းအဖွဲ့အစည်းများအား ဂုဏ်ယူစွာ ဖော်ပြခြင်း
မိတ်ဖက်လုပ်ငန်းအဖွဲ့အစည်းများအား ဂုဏ်ယူစွာ ဖော်ပြခြင်း

InnoSights တွင် ဆန်းသစ်တီထွင်မှု၊ ထိရောက်မှုနှင့် ရေရှည်တည်တံ့စေမည့် တိုးတက်မှုများအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်းကို အထူးပင်ဂုဏ်ယူမိပါသည်။ လုပ်ငန်းများအနေနှင့် Yoma InnoSights ၏ ဝန်ဆောင်မှုအား ယုံကြည်အားထားပေးခြင်းသည် ကျွန်ုပ်တို့အတွက်...

ပိုမိုကောင်းမွန်တဲ့ မြို့ပြလူနေမှုစနစ် အတွက် Yoma Car Share ကဘယ်လို အကူအညီပေးနိုင်သလဲ?
ပိုမိုကောင်းမွန်တဲ့ မြို့ပြလူနေမှုစနစ် အတွက် Yoma Car Share ကဘယ်လို အကူအညီပေးနိုင်သလဲ?

မြန်မာနိုင်ငံတွင် Sustainable Mobility သည် ခေတ်ရေစီးကြောင်းတစ်ခုမျှသာ မဟုတ်ဘဲ လူဦးရေထူထပ်မှု၊ ကားပါကင်အခက်အခဲနှင့် မြင့်တက်လာသော နေထိုင်မှုစရိတ်များကို ရင်ဆိုင်နေရသည့်...

၂၀၂၆ အပြည်ပြည်ဆိုင်ရာ ရိုးမ မာရသွန်ပြိုင်ပွဲ တွင် Yoma Fleet ၏ ပါဝင်ဆင်နွှဲခြင်း
၂၀၂၆ အပြည်ပြည်ဆိုင်ရာ ရိုးမ မာရသွန်ပြိုင်ပွဲ တွင် Yoma Fleet ၏ ပါဝင်ဆင်နွှဲခြင်း

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော Yoma Yangon International...

အပြည်ပြည်ဆိုင်ရာ ရိုးမ မာရသွန်ပြိုင်ပွဲတွင် Yoma InnoSights မှ ပါဝင်အားဖြည့်ခြင်း
အပြည်ပြည်ဆိုင်ရာ ရိုးမ မာရသွန်ပြိုင်ပွဲတွင် Yoma InnoSights မှ ပါဝင်အားဖြည့်ခြင်း

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ Yoma International Marathon ကို ပါဝင်ဆင်နွှဲသူများ၊ မိသားစုဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ တစ်စုတစ်ဝေးတည်း...

Yoma InnoSights ၏ ဝန်ဆောင်မှုများအကြောင်း
Yoma InnoSights ၏ ဝန်ဆောင်မှုများအကြောင်း

Yoma InnoSights သည် IoT နည်းပညာကို အခြေခံထားသော ယာဉ်စီမံခန့်ခွဲသည့် ဝန်ဆောင်မှု ဖြစ်ပြီး လုပ်ငန်းများအနေဖြင့် ယာဉ်များ၏ အခြေအနေကို အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်ရန်၊ လုပ်ငန်းထိရောက်မှုကို မြှင့်တင်ရန်နှင့်...

Yoma Fleet ၏ (၁၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား
Yoma Fleet ၏ (၁၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား

Yoma Fleet ရဲ့ ၁၂ နှစ်ပြည့် မှတ်တိုင်ဟာ ကျွန်တော်တို့အားလုံးရဲ့ စုပေါင်းအားထုတ်မှုတွေကြောင့် ရရှိလာတဲ့ အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဤခရီးစဉ်တစ်လျှောက် အတူတကွ အောင်မြင်အောင် စွမ်းဆောင်ပေးခဲ့ကြတဲ့...

Yoma Car Share ၏ အားသာချက်များ
Yoma Car Share ၏ အားသာချက်များ

Yoma Car Share သည် မြန်မာနိုင်ငံတစ်ဝှမ်း ၂၄ နာရီ၊ ၇ ရက်၊ တစ်နှစ်ပတ်လုံး ဝန်ဆောင်မှုပေးသည့် အပြင် မိမိ၏...

IoT နည်းပညာဖြင့် ဖြေရှင်းနိုင်မည့် ယာဉ်ယန္တရား ပြဿနာများ
IoT နည်းပညာဖြင့် ဖြေရှင်းနိုင်မည့် ယာဉ်ယန္တရား ပြဿနာများ

မော်တော်ယာဉ်များကို စီမံခန့်ခွဲခြင်းဟာ ယာဉ်များကို တစ်နေရာမှ တစ်နေရာ မောင်းနှင်ပို့ဆောင်နေရုံတင်မကဘဲ နေ့စဉ်လုပ်ငန်းတွေမှာ ပို့ဆောင်ချိန်နောက်ကျခြင်း၊ လောင်စာစရိတ် တိုးလာခြင်း၊ ယာဉ်မောင်းများ အလုပ်ဖိစီးမှုများခြင်းနှင့် မမျှော်လင့်ထားသည့် ယာဉ်ချို့ယွင်းမှုများကဲ့သို့ အသေးအဖွဲ ပြဿနာများကိုလည်း ရင်ဆိုင်ရနိုင်ပါသည်။ IoT နည်းပညာသည် အဆိုပါပြဿနာများကို ထိထိရောက်‌ရောက် ကူညီဖြေရှင်းပေးနိုင်ပါသည်။ ယာဉ်ယန္တရားများတွင် ကြုံတွေ့နိုင်သည့် ပြဿနာများနှင့် IoT ၏ ကူညီလုပ်‌ဆောင်နိုင်စွမ်းများကို ဖော်ပြပေးလိုက်ပါသည်။ ယာဉ်များ၏ မြင်သာမှု ကန့်သတ်ထားခြင်း ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် နောက်ကျမှရရှိသည့် အပ်ဒိတ်များကို မှီခိုနေရသည့် လုပ်ငန်းစီမံခန့်ခွဲမှုဟာ ထိရောက်မှု နည်းပါနိုင်ပါသည်။ IoT နည်းပညာဖြင့် အချိန်နှင့် တပြေးညီ ခြေရာခံနိုင်သည့် GPS Tracking စနစ်သည် ယာဉ်တစ်စီးချင်းစီရဲ့ တည်နေရာနဲ့ ခရီးစဉ်အခြေအနေကို ချက်ချင်း သိနိုင်ခြင်းကြောင့် ပိုမို မြင်သာ ထိရောက်စွာ လုပ်ငန်းလည်ပတ်နိုင်မည် ဖြစ်ပါသည်။ လောင်စာစရိတ် တိုးမြင့်လာခြင်း လောင်စာအသုံးစရိတ်များ ဘာကြောင့်တိုးလာသည်ကို ရှင်းလင်းစွာ မသိရဘဲ ဆက်လက်တိုးမြင့်လာခြင်းများ မကြာခဏ ဖြစ်တတ်ပါသည်။ IoT စနစ်သည် ယာဉ်သွားလာတဲ့ လမ်းကြောင်းတွေ၊ ယာဉ်ရပ်နားထားတဲ့ အချိန် (idling time) နှင့် လောင်စာသုံးစွဲမှု ပုံစံတွေကို စောင့်ကြည့်ပေးနိုင်သောကြောင့် မထိရောက်တဲ့ အချက်အလက်များကို ခွဲခြားသိရှိနိုင်ပြီး မလိုအပ်သည့် လောင်စာအသုံးစရိတ်တွေကို လျှော့ချနိုင်ပါသည်။ မလုံခြုံသော ယာဉ်မောင်းနှင်မှု...

IoT နည်းပညာဖြင့် လျှော့ချကာကွယ်နိုင်မဲ့ လျှို့ဝှက်ကုန်ကျစရိတ်များ
IoT နည်းပညာဖြင့် လျှော့ချကာကွယ်နိုင်မဲ့ လျှို့ဝှက်ကုန်ကျစရိတ်များ

ယနေ့ခတ် စီပွားရေးလောကတွင် လုပ်ငန်းလည်ပတ်မှုကို ထိ‌ရောက်စွာ စီမံခန့်ခွဲနိုင်ခြင်းသည် မဖြစ်မနေလိုအပ်လာပါပြီ။ လုပ်ငန်းအဖွဲ့အစည်းအနေနှင့် အလုပ်သမားစရိတ်၊ လောင်စာဆီစရိတ်နှင့်...

Yoma Car Share’s Product Operations Team နှင့် မိတ်ဆက်ခြင်း
Yoma Car Share’s Product Operations Team နှင့် မိတ်ဆက်ခြင်း

Yoma Car Share အဖွဲ့ဝင်များအားလုံးရဲ့ ခရီးစဥ်တိုင်းမှာ အဆင်ပြေ‌ချောမွေ့ လွယ်ကူတဲ့ အတွေ့အကြုံများကို ခံစားနိုင်ရန်အတွက်သည်...

Fuel Sensor ၏ လုပ်ငန်းခွင်အပေါ် အကျိုးသက်ရောက်မှု
Fuel Sensor ၏ လုပ်ငန်းခွင်အပေါ် အကျိုးသက်ရောက်မှု

ယနေ့ခေတ် Fleet Management မှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုအနေနဲ့ ကုန်ကျစရိတ်ကိုထိန်းချုပ်နိုင်ဖို့၊ စွမ်းဆောင်ရည်ကိုတိုးမြှင့်နိုင်ဖို့ အတွက် ထိရောက်မှု (Efficiency) နဲ့ ထင်ရှားမြင်သာမှု (Transparency)များသည်...

Assign Driver Feature ဖြင့် လုပ်ငန်းသုံးယာဉ်များကို ထိရောက်စွာ စီမံခန့်ခွဲပါ။
Assign Driver Feature ဖြင့် လုပ်ငန်းသုံးယာဉ်များကို ထိရောက်စွာ စီမံခန့်ခွဲပါ။

Yoma InnoSights Application တွင် Driver Assign Feature ဖြင့် လုပ်ငန်းသုံးယာဉ်များအား အသုံးပြုမောင်းနှင်နေသည့် ယာဉ်မောင်းများကို အတိအကျသိရှိနိုင်ပြီး ယာဉ်အသုံးပြုမှုကိုပါ အသေးစိတ် အချိန်မရွေး စောင့်ကြည့်နိုင်ပြီ ဖြစ်ပါသည်။   ယနေ့ခေတ်တွင် လုပ်ငန်းသုံးယာဉ်များကို စနစ်တကျစီမံဖို့ လိုအပ်လာပြီး ယာဉ်၏ လုပ်ဆောင်ချက်ကို...

How Lease-to-buy programs are beneficial to individuals
How Lease-to-buy programs are beneficial to individuals

သင်ဟာ အိမ်သုံးပစ္စည်းအသစ်၊ နောက်ဆုံးပေါ် ဖုန်း/လက်တော့ပ် (သို့မဟုတ်) လူသုံးကုန်ပစ္စည်းအသစ် တစ်ခုကို ဝယ်ယူရန် လိုအပ်နေခဲ့ပြီး  ပစ္စည်းတန်ဖိုးကို အလုံးအရင်းနဲ့ ပေးချေဖို့ ငွေအလုံအလောက် မစုဆောင်းမိထားတာပဲဖြစ်ဖြစ်  စျေးနှုန်းအတက်အကျ (Price...

Newsletter စာရင်းသွင်းခြင်း

ယနေ့ပဲ Newsletter ကို စာရင်းသွင်းပြီး သယ်ယူပို့ဆောင်ရေးဆိုင်ရာ သတင်းအချက်အလက်များ၊ ငွေကြေးဆိုင်ရာများနှင့် နည်းပညာဆိုင်ရာ ဖြေရှင်းချက်များကို ရယူလိုက်ပါ။