မိုးရာသီအတွင်း ယာဉ်စီမံခန့်ခွဲသူတိုင်း သိရှိလိုက်နာသင့်သည့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

မိုးရာသီအတွင်း ယာဉ်စီမံခန့်ခွဲသူတိုင်း သိရှိလိုက်နာသင့်သည့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

မိုးရာသီအတွင်း ယာဉ်စီမံခန့်ခွဲသူတိုင်း သိရှိလိုက်နာသင့်သည့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

ယာဉ်စီမံခန့်ခွဲသူများသည် ကုန်ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းစဉ်များကို ကြီးကြပ်ရုံသာမက ယာဉ်မောင်းများ၏ ဘေးကင်းလုံခြုံရေးနှင့် လုပ်ငန်းသုံးပိုင်ဆိုင်မှုများကို ထိန်းသိမ်းရန်အတွက် အဓိကကျသော တာဝန်တစ်ရပ်ဖြစ်ပါသည်။ မိုးရာသီကာလအတွင်း လမ်းပေါ်ရှိ အန္တရာယ်များ ပိုမိုမြင့်မားလာသောကြောင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ပိုမိုတင်းကျပ်စွာ ကျင့်သုံးရန် လိုအပ်ပါသည်။ မတော်တဆမှုများ ဖြစ်ပွားပြီးမှ ဖြေရှင်းခြင်းထက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းက ပိုမိုထိရောက်သော စီမံခန့်ခွဲမှု ဖြစ်ပါသည်။

မော်တော်ယာဉ်များအား စနစ်တကျ စစ်ဆေးခြင်းလုပ်ငန်းစဉ်

ယာဉ်များကို လုပ်ငန်းခွင်သို့ မဝင်ရောက်မီ ဘေးကင်းလုံခြုံရေးဆိုင်ရာ အစိတ်အပိုင်းများကို အသေးစိတ် စစ်ဆေးရန် အထူးလိုအပ်ပါသည်။ မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် လမ်းချော်ခြင်းနှင့် အခြား မတော်တဆမှုများမှ ကြိုတင်ကာကွယ်နိုင်ရန် ဝိုင်ဘာများ၏ လုပ်ဆောင်ချက်နှင့် တာယာပန်းသား အခြေအနေများကို Fleet Manager များက အလေးထား စစ်ဆေးရပါမည်။ ယာဉ်များအား စနစ်တကျ ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းသည် မိုးရာသီအတွင်း မတော်တဆမှုဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါသည်။

အရှိန်နှုန်း ထိန်းညှိခြင်းနှင့် အကွာအဝေး ဂရုပြုခြင်း

ပုံမှန်သတ်မှတ်ထားသော အမြန်နှုန်းများသည် သာမန်ရာသီဥတုအတွက်သာ ရည်ရွယ်ခြင်းဖြစ်ပြီး မိုးရွာသွန်းမှုကြောင့် လမ်းမျက်နှာပြင် ချောမွေ့နေချိန်တွင် အရှိန်ကို သိသိသာသာ လျှော့ချရန် ယာဉ်မောင်းများကို ညွှန်ကြားရပါမည်။ ထို့အပြင် ရှေ့ကားနှင့် ဘေးကင်းလုံခြုံသော အကွာအဝေးကို ပုံမှန်ထက် ပိုမိုထားရှိစေခြင်းဖြင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးကို အလေးပေး ဆောင်ရွက်ရပါမည်။

နည်းပညာနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးခြင်း 

ခေတ်မီယာဉ်များတွင် ပါဝင်သော The antilock braking system (ABS)  ကဲ့သို့သော ဘေးကင်းလုံခြုံရေးစနစ်များကို အရေးပေါ်အခြေအနေ၌ မှန်ကန်စွာ အသုံးပြုနိုင်ရန်နှင့် ဘေးကင်းရေးဆိုင်ရာ နည်းပညာရပ်များကို မျှဝေပေးခြင်းဖြင့် ယာဉ်မောင်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါသည်။

အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ညှိနှိုင်းခြင်း 

မိုးလေဝသ အခြေအနေနှင့် လမ်းကြောင်းဆိုင်ရာ သတိပေးချက်များကို Viber သို့မဟုတ် Telegram ကဲ့သို့သော ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားပေးရပါမည်။ ဤသို့ ကြိုတင်သတိပေးချက်များ ပေးပို့ခြင်းဖြင့် ယာဉ်မောင်းများသည် ရေကြီးရေလျှံသည့် လမ်းကြောင်းများကို ရှောင်ရှားနိုင်ပြီး လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးကို ပိုမိုအာရုံစိုက်နိုင်မည်ဖြစ်ပါသည်။

နိဂုံးချုပ်

မိုးရာသီကာလအတွင်း ယာဉ်မောင်းများ၏ ဘေးကင်းလုံခြုံရေးကို ဦးစားပေးခြင်းသည် လုပ်ငန်းစဉ်တစ်ခုလုံး၏ အရေးကြီးသော ကဏ္ဍဖြစ်ပါသည်။ တင်းကျပ်သော ပြုပြင်ထိန်းသိမ်းမှု၊ စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားမှုနှင့် ထိရောက်သော ဆက်သွယ်မှုတို့ကို ပေါင်းစပ်ခြင်းဖြင့် လုပ်ငန်းခွင်အတွင်း ဖြစ်ပွားနိုင်သော အန္တရာယ်များကို အောင်မြင်စွာ လျှော့ချနိုင်မည်ဖြစ်ပါသည်။