၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော Yoma Yangon International Marathon ပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် Yoma Fleet မှ ပါဝင်ကူညီခွင့်ရရှိခဲ့သည့်အတွက် များစွာဂုဏ်ယူမိပါသည်။
အဆိုပါ အခမ်းအနားတွင် Yoma Fleet အနေဖြင့် ပျော်ရွှင်စရာ Activity အစီအစဉ်များအပြင် ပိုမိုလုံခြုံစိတ်ချရပြီး ထိရောက်ကောင်းမွန်သော ခရီးသွားလာမှုများကို အထောက်အကူပြုနိုင်သည့် Smart Mobility နှင့် Fleet Solutions များကို Yoma Car Share၊ Yoma Innosights တို့နှင့်အတူ မျှဝေခဲ့ပါသည်။
Yoma Fleet အနေဖြင့် ကျန်းမာသန်စွမ်းသော လူနေမှုဘဝပုံစံများနှင့် လူမှုအသိုက်အဝန်း၏ ကောင်းကျိုးကို မြှင့်တင်ပေးမည့် အစီအစဉ်များကို အစဉ်တစိုက် ပံ့ပိုးကူညီသွားရန် ဆောင်ရွက်လျက်ရှိပါသည်။ ယခုကဲ့သို့ Yoma International Marathon တွင် ပါဝင်ဆင်နွှဲခြင်းသည် နည်းပညာ၊ လူနေမှုအဖွဲ့ အစည်း နှင့် ရည်မှန်းချက်တို့ကို ချိတ်ဆက်ပေးကာ ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ဖန်တီးပေးနိုင်ရန် အတွက် ကြိုးပမ်းအားထုတ်မှုကို ထင်ဟပ်ပြသစေပါသည်။
Yoma Fleet ၏ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အကူအညီလိုအပ်ပါက 24/7 Hotline သို့ အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။
- Hotline: 09 YOMAFLEET (09 966 235 338)
- Email: aung@yomafleet.com