၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ Yoma International Marathon ကို ပါဝင်ဆင်နွှဲသူများ၊ မိသားစုဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ တစ်စုတစ်ဝေးတည်း စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
Yoma InnoSights အနေဖြင့် အဆိုပါအခမ်းအနားတွင် ပါဝင်အားဖြည့်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပြီး၊ On-ground လှုပ်ရှားမှုများ၊ ဝန်ဆောင်မှု မိတ်ဆက်ခြင်းများဖြင့် ပါဝင်အားဖြည့်ခဲ့ပါသည်။ Yoma Car Share နှင့် Yoma Fleet တို့နှင့်အတူ ပိုမိုလုံခြုံပြီး ထိရောက်သော ခရီးသွားလာမှုများကို အထောက်အကူပြုနိုင်သည့် Smart Mobility နှင့် Fleet Solutions များကို မျှဝေခဲ့ပါသည်။
ပြိုင်ပွဲစတင်သည်မှ ပြီးဆုံးသည့်တိုင် အားမာန်အပြည့်၊ စိတ်အားထက်သန်မှုအပြည့်ဖြင့် ၅ ကီလိုမီတာ၊ ၁၀ ကီလိုမီတာ နှင့် ၂၁ ကီလိုမီတာ ပြိုင်ပွဲများကို ပါဝင်ဆင်နွှဲခဲ့ကြသူများကြောင့် Yoma International Marathon ပွဲကြီးမှာ ပိုမို အသက်ဝင်လာခဲ့ပါသည်။
Yoma InnoSights အနေဖြင့် ကျန်းမာသန်စွမ်းပြီး လှုပ်ရှားတက်ကြွသော ဘဝနေထိုင်မှုပုံစံများကို အားပေးသည့် လှုပ်ရှားမှုများအစီအစဉ်များအား အစဉ်မြဲတမ်း ထောက်ခံအားပေးလျက်ရှိပါသည်။ Yoma International Marathon တွင် ပါဝင်နိုင်ခဲ့ခြင်းသည် နည်းပညာ၊ လူမှုအဖွဲ့အစည်းနှင့် ရည်ရွယ်ချက်တို့ကို အတူတကွ ချိတ်ဆက်ကာ အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ပိုမိုဖန်တီးလုပ်ဆောင်နိုင်ရန် ကောင်းမွန်သည့် တွန်းအားတစ်ခုပင် ဖြစ်ပါသည်။