Content Editor ဖေဖော်ဝါရီ 27, 2026
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ Yoma International Marathon ကို ပါဝင်ဆင်နွှဲသူများ၊ မိသားစုဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ တစ်စုတစ်ဝေးတည်း စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ Yoma InnoSights အနေဖြင့် အဆိုပါအခမ်းအနားတွင် ပါဝင်အားဖြည့်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပြီး၊ On-ground လှုပ်ရှားမှုများ၊ ဝန်ဆောင်မှု မိတ်ဆက်ခြင်းများဖြင့် ပါဝင်အားဖြည့်ခဲ့ပါသည်။ Yoma Car Share နှင့် Yoma Fleet တို့နှင့်အတူ ပိုမိုလုံခြုံပြီး ထိရောက်သော ခရီးသွားလာမှုများကို အထောက်အကူပြုနိုင်သည့် Smart Mobility နှင့် Fleet Solutions များကို မျှဝေခဲ့ပါသည်။ ပြိုင်ပွဲစတင်သည်မှ ပြီးဆုံးသည့်တိုင် အားမာန်အပြည့်၊ စိတ်အားထက်သန်မှုအပြည့်ဖြင့် ၅ ကီလိုမီတာ၊ ၁၀ ကီလိုမီတာ နှင့် ၂၁ ကီလိုမီတာ ပြိုင်ပွဲများကို ပါဝင်ဆင်နွှဲခဲ့ကြသူများကြောင့် Yoma International Marathon ပွဲကြီးမှာ ပိုမို အသက်ဝင်လာခဲ့ပါသည်။ ...
Read More
Content Editor ဖေဖော်ဝါရီ 23, 2026
Yoma InnoSights သည် IoT နည်းပညာကို အခြေခံထားသော ယာဉ်စီမံခန့်ခွဲသည့် ဝန်ဆောင်မှု ဖြစ်ပြီး လုပ်ငန်းများအနေဖြင့် ယာဉ်များ၏ အခြေအနေကို အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်ရန်၊ လုပ်ငန်းထိရောက်မှုကို မြှင့်တင်ရန်နှင့် စမတ်နည်းပညာများအသုံးပြု၍ ကုန်ကျစရိတ်များ လျှော့ချနိုင်ရန်အတွက် ဒီဇိုင်းဆွဲ ဖန်တီးထားခြင်း ဖြစ်ပါသည်။ ယာဉ်ယန္တရားများ၏ တည်နေရာကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်ခြင်း၊ ခရီးစဉ်မှတ်တမ်းများကို ပြန်လည်ကြည့်ရှုနိုင်ခြင်းနှင့် လမ်းကြောင်းများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် ကူညီပေးပါသည်။ တည်နေရာ နယ်နမိတ်များ သတ်မှတ်နိုင်ပြီး ယာဉ်များ ဝင်ရောက်ခြင်း သို့မဟုတ် ထွက်ခွာခြင်း စသည့်အချိန်တွင် ချက်ချင်း အသိပေးပြီး သတ်မှတ်ထားသော လမ်းကြောင်းများကို လိုက်နာမှုရှိစေရန်နှင့် လုံခြုံမှုကို ပိုမိုကောင်းမွန်စေရန် ကူညီပေးပါသည်။ လောင်စာဆီ အသုံးပြုမှုကို တိကျမှန်ကန်စွာ စောင့်ကြည့်နိုင်ပြီး မလိုလားအပ်သည့် အသုံးစရိတ်များ လျှော့ချနိုင်ရန်နှင့် ဆီကုန်ကျစရိတ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် ကူညီပေးပါသည်။ အပူချိန်လိုအပ်သည့် ကုန်ပစ္စည်းများကို လုံခြုံစွာ ပို့ဆောင်နိုင်ရန် အချိန်နှင့်တပြေးညီ အပူချိန် စောင့်ကြည့်ခြင်းနှင့် အပြောင်းအလဲများအတွက်...
Read More
Content Editor ဖေဖော်ဝါရီ 23, 2026
Yoma Fleet ရဲ့ ၁၂ နှစ်ပြည့် မှတ်တိုင်ဟာ ကျွန်တော်တို့အားလုံးရဲ့ စုပေါင်းအားထုတ်မှုတွေကြောင့် ရရှိလာတဲ့ အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဤခရီးစဉ်တစ်လျှောက် အတူတကွ အောင်မြင်အောင် စွမ်းဆောင်ပေးခဲ့ကြတဲ့ ဝန်ထမ်းတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ (၁၂) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ Yoma Fleet ၏ (၁၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား – CEO ၏မိန်ခွန်း Yoma Fleet ၏ (၁၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား – Head of Yoma Group HR ၏မိန့်ခွန်း Yoma Fleet သည် ယနေ့တွင် မြန်မာနိုင်ငံရဲ့...
Read More
YF Admin ဇန်နဝါရီ 20, 2026
Yoma Car Share သည် မြန်မာနိုင်ငံတစ်ဝှမ်း ၂၄ နာရီ၊ ၇ ရက်၊ တစ်နှစ်ပတ်လုံး ဝန်ဆောင်မှုပေးသည့် အပြင် မိမိ၏ စမတ်ဖုန်းမှတစ်ဆင့် ကိုယ်တိုင် လုပ်ဆောင်နိုင်မည်ဖြစ်၍ ပိုမိုစမတ်ကျပြီး လိုက်လျောညီထွေရှိသော ဝန်ဆောင်မှုမျိုး ဖြစ်ပါသည်။ ကိုယ်တိုင်မောင်းစနစ် (Self-drive) ဆိုတာ ဘာလဲ? Self-drive ဆိုသည်မှာ ကားငှားရမ်းရာတွင် ကုမ္ပဏီမှ ယာဉ်မောင်းမပါဘဲ အသုံးပြုသူကိုယ်တိုင် မောင်းနှင်ရခြင်းကို ဆိုလိုပါသည်။ ထိုသို့ ကိုယ်တိုင်မောင်းနှင်ခြင်းဖြင့် မိမိ၏ ခရီးစဉ်လမ်းကြောင်းနှင့် အချိန်ဇယား တို့ကို အပြည့်အဝ စိတ်ကြိုက်စီမံနိုင်မည် ဖြစ်ပါသည်။ Yoma Car Share တွင် နာရီအလိုက်မှသည် လအလိုက်အထိ စိတ်ကြိုက်ရွေးချယ် ငှားရမ်းနိုင်သောကြောင့် ကားတစ်စီးအား ဝယ်ယူထားရန် မလိုဘဲ မိမိလိုအပ်သည့် အချိန်တွင် ငှားရမ်းအသုံးပြုနိုင်မည် ဖြစ်ပါသည်။ ထိတွေ့ဆက်သွယ်ရန်မလိုသောစနစ် (Contactless) ဆိုတာ ဘာလဲ?...
Read More
Content Editor ဇန်နဝါရီ 19, 2026
မော်တော်ယာဉ်များကို စီမံခန့်ခွဲခြင်းဟာ ယာဉ်များကို တစ်နေရာမှ တစ်နေရာ မောင်းနှင်ပို့ဆောင်နေရုံတင်မကဘဲ နေ့စဉ်လုပ်ငန်းတွေမှာ ပို့ဆောင်ချိန်နောက်ကျခြင်း၊ လောင်စာစရိတ် တိုးလာခြင်း၊ ယာဉ်မောင်းများ အလုပ်ဖိစီးမှုများခြင်းနှင့် မမျှော်လင့်ထားသည့် ယာဉ်ချို့ယွင်းမှုများကဲ့သို့ အသေးအဖွဲ ပြဿနာများကိုလည်း ရင်ဆိုင်ရနိုင်ပါသည်။ IoT နည်းပညာသည် အဆိုပါပြဿနာများကို ထိထိရောက်ရောက် ကူညီဖြေရှင်းပေးနိုင်ပါသည်။ ယာဉ်ယန္တရားများတွင် ကြုံတွေ့နိုင်သည့် ပြဿနာများနှင့် IoT ၏ ကူညီလုပ်ဆောင်နိုင်စွမ်းများကို ဖော်ပြပေးလိုက်ပါသည်။ ယာဉ်များ၏ မြင်သာမှု ကန့်သတ်ထားခြင်း ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် နောက်ကျမှရရှိသည့် အပ်ဒိတ်များကို မှီခိုနေရသည့် လုပ်ငန်းစီမံခန့်ခွဲမှုဟာ ထိရောက်မှု နည်းပါနိုင်ပါသည်။ IoT နည်းပညာဖြင့် အချိန်နှင့် တပြေးညီ ခြေရာခံနိုင်သည့် GPS Tracking စနစ်သည် ယာဉ်တစ်စီးချင်းစီရဲ့ တည်နေရာနဲ့ ခရီးစဉ်အခြေအနေကို ချက်ချင်း သိနိုင်ခြင်းကြောင့် ပိုမို မြင်သာ ထိရောက်စွာ လုပ်ငန်းလည်ပတ်နိုင်မည် ဖြစ်ပါသည်။ လောင်စာစရိတ် တိုးမြင့်လာခြင်း လောင်စာအသုံးစရိတ်များ ဘာကြောင့်တိုးလာသည်ကို ရှင်းလင်းစွာ မသိရဘဲ ဆက်လက်တိုးမြင့်လာခြင်းများ မကြာခဏ ဖြစ်တတ်ပါသည်။ IoT စနစ်သည် ယာဉ်သွားလာတဲ့ လမ်းကြောင်းတွေ၊ ယာဉ်ရပ်နားထားတဲ့ အချိန် (idling time) နှင့် လောင်စာသုံးစွဲမှု ပုံစံတွေကို စောင့်ကြည့်ပေးနိုင်သောကြောင့် မထိရောက်တဲ့ အချက်အလက်များကို ခွဲခြားသိရှိနိုင်ပြီး မလိုအပ်သည့် လောင်စာအသုံးစရိတ်တွေကို လျှော့ချနိုင်ပါသည်။ မလုံခြုံသော ယာဉ်မောင်းနှင်မှု အပြုအမူများ အရှိန်လွန်မြန်နှုန်းဖြင့် မောင်းနှင်ခြင်း၊ ရုတ်တရက် ဘရိတ်ဖိနင်းခြင်းနှင့် ကြမ်းတမ်းစွာ မောင်းနှင်ခြင်းတို့ကြောင့် မတော်တဆမှု ဖြစ်နိုင်ခြေများပြီး ပြုပြင်ထိန်းသိမ်းရေး စရိတ်များလည်း တိုးမြင့်လာစေပါသည်။ IoT နည်းပညာအနေနှင့် ယာဉ်မောင်းအပြုအမူ စောင့်ကြည့်စနစ်က ပိုမိုလုံခြုံတဲ့ မောင်းနှင်မှု အလေ့အကျင့်တွေကို တိုးတက်လာစေရန် ကူညီပံ့ပိုးပေးပါသည်။ မမျှော်လင့်ထားသည့် ယာဉ်ချို့ယွင်းမှုများ မမျှော်လင့်ထားသည့် ယာဉ်ချို့ယွင်းမှုများကြောင့် အချိန်ဇယားများ နောက်ကျတတ်ပြီး Customer စိတ်မကျေနပ်မှုများ ဖြစ်စေနိုင်ပါသည်။ IoT ရဲ့ ဖြေရှင်းချက်မှာ ပြုပြင်ထိန်းသိမ်းမှု သတိပေးချက်များက ဖြစ်နိုင်ချေရှိသော ယာဉ်ချို့ယွင်းမှုပြဿနာများကို ကြိုတင်အသိပေးပြီး အချိန်မီ ပြုပြင်ထိန်းသိမ်းမှုများကို ဆောင်ရွက်နိုင်ရန် ကူညီပေးပါသည်။ လုပ်ဆောင်ချက်များ များပြားခြင်း Manual စီမံရေးသားထားသည့်အစီရင်ခံစာများနှင့် မှတ်တမ်းများသည် အချိန်ကြန့်ကြာသည့်အပြင်...
Read More