ဘလော့ဂ်

Yoma Car Share ၏ အားသာချက်များ
Yoma Car Share ၏ အားသာချက်များ
Yoma Car Share သည် မြန်မာနိုင်ငံတစ်ဝှမ်း ၂၄ နာရီ၊ ၇ ရက်၊ တစ်နှစ်ပတ်လုံး ဝန်ဆောင်မှုပေးသည့် အပြင် မိမိ၏ စမတ်ဖုန်းမှတစ်ဆင့် ကိုယ်တိုင် လုပ်ဆောင်နိုင်မည်ဖြစ်၍ ပိုမိုစမတ်ကျပြီး လိုက်လျောညီထွေရှိသော ဝန်ဆောင်မှုမျိုး ဖြစ်ပါသည်။ ကိုယ်တိုင်မောင်းစနစ် (Self-drive) ဆိုတာ ဘာလဲ? Self-drive ဆိုသည်မှာ ကားငှားရမ်းရာတွင် ကုမ္ပဏီမှ ယာဉ်မောင်းမပါဘဲ အသုံးပြုသူကိုယ်တိုင် မောင်းနှင်ရခြင်းကို ဆိုလိုပါသည်။ ထိုသို့ ကိုယ်တိုင်မောင်းနှင်ခြင်းဖြင့် မိမိ၏ ခရီးစဉ်လမ်းကြောင်းနှင့် အချိန်ဇယား တို့ကို အပြည့်အဝ စိတ်ကြိုက်စီမံနိုင်မည် ဖြစ်ပါသည်။ Yoma Car Share တွင် နာရီအလိုက်မှသည် လအလိုက်အထိ စိတ်ကြိုက်ရွေးချယ် ငှားရမ်းနိုင်သောကြောင့် ကားတစ်စီးအား ဝယ်ယူထားရန် မလိုဘဲ မိမိလိုအပ်သည့် အချိန်တွင် ငှားရမ်းအသုံးပြုနိုင်မည် ဖြစ်ပါသည်။ ထိတွေ့ဆက်သွယ်ရန်မလိုသောစနစ် (Contactless) ဆိုတာ ဘာလဲ?...
Read More
IoT နည်းပညာဖြင့် ဖြေရှင်းနိုင်မည့် ယာဉ်ယန္တရား ပြဿနာများ
IoT နည်းပညာဖြင့် ဖြေရှင်းနိုင်မည့် ယာဉ်ယန္တရား ပြဿနာများ
မော်တော်ယာဉ်များကို စီမံခန့်ခွဲခြင်းဟာ ယာဉ်များကို တစ်နေရာမှ တစ်နေရာ မောင်းနှင်ပို့ဆောင်နေရုံတင်မကဘဲ နေ့စဉ်လုပ်ငန်းတွေမှာ ပို့ဆောင်ချိန်နောက်ကျခြင်း၊ လောင်စာစရိတ် တိုးလာခြင်း၊ ယာဉ်မောင်းများ အလုပ်ဖိစီးမှုများခြင်းနှင့် မမျှော်လင့်ထားသည့် ယာဉ်ချို့ယွင်းမှုများကဲ့သို့ အသေးအဖွဲ ပြဿနာများကိုလည်း ရင်ဆိုင်ရနိုင်ပါသည်။ IoT နည်းပညာသည် အဆိုပါပြဿနာများကို ထိထိရောက်‌ရောက် ကူညီဖြေရှင်းပေးနိုင်ပါသည်။ ယာဉ်ယန္တရားများတွင် ကြုံတွေ့နိုင်သည့် ပြဿနာများနှင့် IoT ၏ ကူညီလုပ်‌ဆောင်နိုင်စွမ်းများကို ဖော်ပြပေးလိုက်ပါသည်။ ယာဉ်များ၏ မြင်သာမှု ကန့်သတ်ထားခြင်း ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် နောက်ကျမှရရှိသည့် အပ်ဒိတ်များကို မှီခိုနေရသည့် လုပ်ငန်းစီမံခန့်ခွဲမှုဟာ ထိရောက်မှု နည်းပါနိုင်ပါသည်။ IoT နည်းပညာဖြင့် အချိန်နှင့် တပြေးညီ ခြေရာခံနိုင်သည့် GPS Tracking စနစ်သည် ယာဉ်တစ်စီးချင်းစီရဲ့ တည်နေရာနဲ့ ခရီးစဉ်အခြေအနေကို ချက်ချင်း သိနိုင်ခြင်းကြောင့် ပိုမို မြင်သာ ထိရောက်စွာ လုပ်ငန်းလည်ပတ်နိုင်မည် ဖြစ်ပါသည်။ လောင်စာစရိတ် တိုးမြင့်လာခြင်း လောင်စာအသုံးစရိတ်များ ဘာကြောင့်တိုးလာသည်ကို ရှင်းလင်းစွာ မသိရဘဲ ဆက်လက်တိုးမြင့်လာခြင်းများ မကြာခဏ ဖြစ်တတ်ပါသည်။ IoT စနစ်သည် ယာဉ်သွားလာတဲ့ လမ်းကြောင်းတွေ၊ ယာဉ်ရပ်နားထားတဲ့ အချိန် (idling time) နှင့် လောင်စာသုံးစွဲမှု ပုံစံတွေကို စောင့်ကြည့်ပေးနိုင်သောကြောင့် မထိရောက်တဲ့ အချက်အလက်များကို ခွဲခြားသိရှိနိုင်ပြီး မလိုအပ်သည့် လောင်စာအသုံးစရိတ်တွေကို လျှော့ချနိုင်ပါသည်။ မလုံခြုံသော ယာဉ်မောင်းနှင်မှု အပြုအမူများ အရှိန်လွန်မြန်နှုန်းဖြင့် မောင်းနှင်ခြင်း၊ ရုတ်တရက် ဘရိတ်ဖိနင်းခြင်းနှင့် ကြမ်းတမ်းစွာ မောင်းနှင်ခြင်းတို့ကြောင့် မတော်တဆမှု ဖြစ်နိုင်ခြေများပြီး ပြုပြင်ထိန်းသိမ်းရေး စရိတ်များလည်း တိုးမြင့်လာစေပါသည်။ IoT နည်းပညာအနေနှင့် ယာဉ်မောင်းအပြုအမူ စောင့်ကြည့်စနစ်က ပိုမိုလုံခြုံတဲ့ မောင်းနှင်မှု အလေ့အကျင့်တွေကို တိုးတက်လာစေရန် ကူညီပံ့ပိုးပေးပါသည်။ မမျှော်လင့်ထားသည့် ယာဉ်ချို့ယွင်းမှုများ မမျှော်လင့်ထားသည့် ယာဉ်ချို့ယွင်းမှုများကြောင့် အချိန်ဇယားများ နောက်ကျတတ်ပြီး Customer စိတ်မကျေနပ်မှုများ ဖြစ်စေနိုင်ပါသည်။  IoT ရဲ့  ဖြေရှင်းချက်မှာ ပြုပြင်ထိန်းသိမ်းမှု သတိပေးချက်များက ဖြစ်နိုင်ချေရှိသော ယာဉ်ချို့ယွင်းမှုပြဿနာများကို ကြိုတင်အသိပေးပြီး အချိန်မီ ပြုပြင်ထိန်းသိမ်းမှုများကို ဆောင်ရွက်နိုင်ရန် ကူညီပေးပါသည်။ လုပ်ဆောင်ချက်များ များပြားခြင်း  Manual စီမံရေးသားထားသည့်အစီရင်ခံစာများနှင့် မှတ်တမ်းများသည် အချိန်ကြန့်ကြာသည့်အပြင်...
Read More
IoT နည်းပညာဖြင့် လျှော့ချကာကွယ်နိုင်မဲ့ လျှို့ဝှက်ကုန်ကျစရိတ်များ
IoT နည်းပညာဖြင့် လျှော့ချကာကွယ်နိုင်မဲ့ လျှို့ဝှက်ကုန်ကျစရိတ်များ
ယနေ့ခတ် စီပွားရေးလောကတွင် လုပ်ငန်းလည်ပတ်မှုကို ထိ‌ရောက်စွာ စီမံခန့်ခွဲနိုင်ခြင်းသည် မဖြစ်မနေလိုအပ်လာပါပြီ။ လုပ်ငန်းအဖွဲ့အစည်းအနေနှင့် အလုပ်သမားစရိတ်၊ လောင်စာဆီစရိတ်နှင့် ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ်များကဲ့သို့သော မြင်သာသည့် အသုံးစရိတ်များကို စီမံခန့်ခွဲနေကြသော်လည်း မမြင်သာသည့် ကုန်ကျစရိတ်များကြောင့် ဖြစ်ပေါ်လာသော ငွေကြေးဆုံးရှုံးမှုများကို သတိမပြုမိဘဲ ဖြစ်နေတတ်ပါသည်။ IoT (Internet of Things) နည်းပညာသည် ထိရောက်မှုမရှိသည့် လုပ်ဆောင်ချက်များကို ဖော်ထုတ်ပေးပြီး ကုန်ကျစရိတ်များကို ကြိုတင်ထိန်းချုပ်နိုင်ရန် ကူညီပေးပါသည်။  လျှို့ဝှက်ကုန်ကျစရိတ်များသည် ထိရောက်မှုမရှိသော လမ်းကြောင်းများ၊ အစီရင်ခံစာပေးပို့မှု နောက်ကျခြင်းများ၊ Manual အမှားအယွင်းများနှင့် ပိုင်ဆိုင်မှုများကို ထိန်းချုပ်စီမံမှု မပြုလုပ်နိုင်ခြင်းတို့ ကဲ့သို့သော ပြဿနာများမှ...
Read More
Yoma Car Share’s Product Operations Team နှင့် မိတ်ဆက်ခြင်း
Yoma Car Share’s Product Operations Team နှင့် မိတ်ဆက်ခြင်း
Yoma Car Share အဖွဲ့ဝင်များအားလုံးရဲ့ ခရီးစဥ်တိုင်းမှာ အဆင်ပြေ‌ချောမွေ့ လွယ်ကူတဲ့ အတွေ့အကြုံများကို ခံစားနိုင်ရန်အတွက်သည် Yoma Car Share ၏ ဦးစားပေး လုပ်ဆောင်ချက် ဖြစ်ပါသည်။ ယခုလို ခရီးစဥ်တိုင်းမှာ အဆင်ပြေချောမွေ့ နိုင်ရန်အတွက် နောက်ကွယ်မှ အဓိကပံ့ပိုး စီမံခန့်ခွဲပြီး အဆက်မပြတ် ကြိုးစားနေသော Team ကတော့ Yoma Car Share ရဲ့ Product Operations Team ဖြစ်ပါသည်။   Product Operations Team ရဲ့ လုပ်ငန်းဆောင်တာ ...
Read More
Fuel Sensor ၏ လုပ်ငန်းခွင်အပေါ် အကျိုးသက်ရောက်မှု
Fuel Sensor ၏ လုပ်ငန်းခွင်အပေါ် အကျိုးသက်ရောက်မှု
ယနေ့ခေတ် Fleet Management မှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုအနေနဲ့ ကုန်ကျစရိတ်ကိုထိန်းချုပ်နိုင်ဖို့၊ စွမ်းဆောင်ရည်ကိုတိုးမြှင့်နိုင်ဖို့ အတွက် ထိရောက်မှု (Efficiency) နဲ့ ထင်ရှားမြင်သာမှု (Transparency)များသည် လုပ်ငန်း၏ အဓိကကျသည့် အချက်များ ဖြစ်ပါသည်။ ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် အကောင်းဆုံးအထောက်အကူဖြစ်စေသည့် IoT နည်းပညာတစ်ခုကတော့ Fuel Sensor ဖြစ်ပါသည်။  Fuel Sensor သည် ယာဉ်၏ ဆီတိုင်ကီအတွင်းတွင် တပ်ဆင်ထားသော Device တစ်ခု ဖြစ်ပြီး၊ ဆီပမာဏကို အချိန်နှင့်တပြေးညီ တိကျစွာ တိုင်းတာပေးနိုင်သလို ဆီအသုံးပြုမှုကို မှန်ကန်တိကျစွာ ဖော်ပြပေးပါသည်။ Fuel Sensor သည် IoT ချိတ်ဆက်မှုမှတစ်ဆင့် ဒေတာများကို အချိန်နဲ့တပြေးညီ ဖော်ပြပေးပေးနိုင်သောကြောင့် မည်သည့် အချိန်၊ မည်သည့်နေရာတွင်မဆို ယာဉ်၏ Fuel Performance ကို သိရှိနိုင်ပါသည်။  Fuel...
Read More