Yoma Car Share ရဲ့ အောက်တိုဘာလအထူးအစီအစဥ်နှင့် သီတင်းကျွတ်ပိတ်ရက်ခရီး

Yoma Car Share ရဲ့ အောက်တိုဘာလအထူးအစီအစဥ်နှင့် သီတင်းကျွတ်ပိတ်ရက်ခရီး

Yoma Car Share ရဲ့ အောက်တိုဘာလအထူးအစီအစဥ်နှင့် သီတင်းကျွတ်ပိတ်ရက်ခရီး

Yoma Car Share မှ အောက်တိုဘာလ အထူးအစီစဥ်အနေဖြင့် အောက်တိုဘာလ မွေးနေ့ရှင်များအားလုံးအတွက် မွေးနေ့လက်ဆောင်လေး စီစဥ်ထားပါတယ်။ 

အောက်တိုဘာလမှာမွေးတဲ့ Yoma Car Share အဖွဲ့ဝင်များအားလုံးကို မွေးလဖြစ်တဲ့ အောက်တိုဘာလ အတွင်းကားငှားမယ်ဆိုရင် ကားငှားရမ်းခ Base Rate 5% လျှော့စျေး ကိုရရှိမှာဖြစ်ပါတယ်။

🎂 မွေးလလေးမှာအမှတ်တရဖြစ်နေစေဖို့အတွက် ခရီးထွက်မှာလား? 🚘 

🎂 ဟိုနား ဒီနားသွားပြီး အလှူလုပ်မှာလား? 🙏 

🎂 ချစ်ရတဲ့သူတွေနဲ့ မြို့တွင်း လျှောက်လည်ဖို့လား?  💐 

အမှတ်တရ မွေးနေ့လေးဖြစ်နေစေဖို့ ခရီးစဥ်တိုင်းအတွက်ကို Yoma Car Share နှင့် ဖန်တီးပြီး မွေးနေ့လက်ဆောင် လျှော့စျေးလေးရယူလိုက်ကြရအောင်။ 

သီတင်းကျွတ်ပိတ်ရက်မှာ ခရီးသွားကြမယ် 

Yoma Fleet Tip

သီတင်းကျွတ်ပိတ်ရက်လေးမှာ Yoma Car Share နှင့်ခရီးသွားဖို့ စီစဥ်နေကြသူများအတွက် တောင်တန်းဒေသတွေဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်း ကလော – အင်းလေး – တောင်ကြီး စတဲ့နေရာများသို့ သွားရောက်လည်ပတ်ဖို့ကို Yoma Car Share မှအကြံပြုလိုက်ပါတယ်။  

ရှမ်းပြည်မှာ ဒီအချိန်လေးကတော့ ဆောင်းဦးရာသီဝင်စလေးဖြစ်တာကြောင့် အအေးဓာတ်က အရမ်းလွန် ကဲနေခြင်းမရှိသလို ရာသီဥတုက သာယာလှပြီး တောင်တန်းတွေ ရှုခင်းလည်း ပေါများလှတာကြောင့် ကားလေးကိုယ်တိုင်မောင်းပြီး သဘာဝ အလှတရားတွေရဲ့ အခိုက်အတန့်လေးတွေကို အမှတ်တရ ဓာတ်ပုံလေးတွေရိုက်ပြီးတော့ ခရီးစဥ်လေးက သက်တောင့်သက်သာလေး ဖြစ်နေမှာ အသေအချာပါ။  

လေယာဥ်နှင့်သွားမှာလား 

လေယာဥ်ဖြင့်သွားလိုသူများကတော့ ဟဲဟိုးလေဆိပ်မှာဆင်းပြီးတော့ Heho Airport Rental Hub မှာReserve လုပ်ပြီး  ရှမ်းပြည်နယ်အနှံ့ သွားချင်တဲ့နေရာကို စိတ်ကြိုက် ခရီးဆက်နိုင်ပါတယ်။  

Express ကားနှင့်သွားမှာလား. 

Express ကားဖြင့်သွားလိုသူများကတော့ ဟဲဟိုးမှာဆင်းပြီး တောင်ကြီးသို့သွားတဲ့ ကားလမ်းမပေါ်မှာရှိတဲ့ Heho Max Energy Rental Hub ကိုရွေးချယ်နိုင်သလို တောင်ကြီးမှာရှိတဲ့ တောင်ကြီး – ဟိုပုံး ကားလမ်းမကြီးပေါ်မှာရှိတဲ့ Taunggyi Max Energy Rental Hub ကိုရွေးချယ်ကာ ကားကိုReserveလုပ်ပြီး စိတ်ကြိုက်သွားလာနိုင်ပါတယ်။  

ကားကိုယ်တိုင်မောင်းပြီးတိုက်ရိုက်သွားမှားလား 

ရန်ကုန်၊ မန္တလေးမှ တိုက်ရိုက်သွားလိုသူများအတွက်တော့ မိမိတို့နှင့်နီးစပ်ရာ Rental Hub ကိုရွေးချယ်ကာ ကားကို ကြိုတင် Reserve လုပ်ပြီး ခရီးဆက်လို့ရပါတယ်။

Travel with Yoma Car Share

ခရီးစဥ်တစ်ကြောင်းစာပဲငှားမှာလား 

ခရီးစဥ်တစ်ကြောင်းစာသာ ငှားရမ်းလိုသူများအတွက်လည်း ဟဲဟိုးနှင့် တောင်ကြီးမှာရှိတဲ့ Rental Hub များမှာလည်း ကားကိုပြန်လည်အပ်နှံခဲ့လို့ရပါတယ်။  

အရံယာဥ်မောင်းထည့်မှာလား

ခရီးစဥ်မှာ တစ်ယောက်ထဲမောင်းရမှာလားဆိုပြီး  စိတ်ပူစရာမလိုပါဘူးနော်။ ခရီးစဥ်မှာအတူလိုက်ပါသူလည်း မောင်းနိုင်ဖို့အတွက် Reservation တင်စဥ်မှာ Extra Driver အချက်အလက်များဖြည့်ပြီး ခရီးဆက်လို့ရပါတယ်။

Yoma Car Share မှ စရံငွေနှင့် ပတ်သက်ပြီး စည်းမျဥ်းစည်းကမ်းများကို ပြန်လည်ပြင်ဆင်ထားသော ကြောင့် အသေးစိတ်ကို Terms and Conditions မှာ Reservation မစတင်မီ ပြန်လည် ဖတ်ရှုပေးဖို့ တိုက်တွန်းလိုပြီး သိလိုသည်များရှိပါက 24/7 hotline နံပါတ် ၀၉၉၆၆၂၃၅၃၃၈ သို့လည်းအချိန်မရွေး စုံစမ်းမေးမြန်းနိုင်ပါသည်။ 

Let’s Go Together 🚗✨