မြန်မာနိုင်ငံ၏ နွေရာသီသည် အပန်းဖြေခရီးသွားဖို့ အကောင်းဆုံးအချိန်ဖြစ်သော်လည်း ရန်ကုန်နှင့်မန္တလေးလို မြို့ကြီးများတွင် မြင့်တက်လာသည့် အပူရှိန်နှင့် ယာဉ်ကြောပိတ်ဆို့မှု ဒဏ်များကို ရင်ဆိုင်ရမဲ့ အချိန်လည်း ဖြစ်ပါသည်။ ဒါကြောင့် မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ပျော်ရွှင်စရာ Road Trip တွေကို ပင်ပန်းမှုမရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျကျ သွားလာနိုင်ဖို့ Yoma Car Share က အသင့်ရှိနေမှာပါ။
နွေရာသီမှာ Car Sharing ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?
နွေရာသီခရီးသွားလာမှု၏ အဓိကသော့ချက်မှာ “ လွတ်လပ်မှု” ပင် ဖြစ်ပါသည်။ တစ်နှစ်ပတ်လုံး ကားပြုပြင်ထိန်းသိမ်းစရိတ်၊ အာမခံကြေးနဲ့ ကားပါကင်အခက်အခဲတွေကို ဘာကြောင့် စိတ်ပူနေမှာလဲ? Car Sharing စနစ်ဟာ ကိုယ်ပိုင်ကားတစ်စီးလိုပဲ လိုအပ်တဲ့အချိန်မှာ အဆင့်မြင့်ကားတွေကို အဆင်သင့် အသုံးပြုနိုင်စေပြီး ရေရှည်ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးနိုင်ပါသည်။
Yoma Car Share ၏ အားသာချက်များ
- ကိုယ်တိုင်မောင်းနှင်နိုင်ခြင်း: မိမိ၏ခရီးစဉ်ကို မိမိစိတ်ကြိုက် စီမံခန့်ခွဲလိုက်ပါ။ တခြား Driver ငှားစရာမလိုဘဲ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ သီးသန့် အချိန်ပေးနိုင်မှာ ဖြစ်ပါသည်။။
- နည်းပညာသုံး ဝန်ဆောင်မှု: မိမိနှစ်သက်သည့် ကားကို ဘိုကင်တင်တာ၊ ကားတံခါးဖွင့်တာနှင့် ငွေပေးချေခြင်းများကို Yoma Car Share App တစ်ခုတည်းနဲ့တင် လုပ်ဆောင်နိုင်ပါသည်။ Digital စနစ်ဖြစ်သည့်အတွက် လူကြီးမင်းတို့၏ အဖိုးတန်အချိန်များကို အကျိုးရှိရှိ အသုံးချနိုင်မှာပါ။
- ယာဉ်အမျိုးအစား စုံလင်ခြင်း: မြို့ထဲမှာ ပေါ့ပေါ့ပါးပါးသွားဖို့ Compact ကားလေးတွေမှစပြီး မိသားစုအစုံအညီသွားးနိုင်ရန် ၁၄ ယောက်စီး Van ကားကြီးများအထိ လူဦးရေအလိုက် စုံလင်စွာ ရွေးချယ်နိုင်ပါသည်။
- ၂၄/၇ အကူအညီရယူနိုင်ခြင်း: ခရီးစဉ်တစ်လျှောက် ဘေးကင်းလုံခြုံမှုရှိစေဖို့ ကျွန်ုပ်တို့၏ 24/7 Hotline က အချိန်ပြည့် အကူအညီပေးဖို့ အသင့်ရှိနေမှာပါ။
ဒီနွေရာသီမှာ အပူဒဏ်ကို အန်တုပြီး ပျော်ရွှင်စရာ အမှတ်တရကောင်းတွေကို ဖန်တီးလိုက်ပါ။ Yoma Car Share နဲ့အတူ စမတ်ကျတဲ့ နွေရာသီခရီးစဉ်ကို ခုပဲ စတင်လိုက်ရအောင်။
ကားဘွတ်ကင်ပြုလုပ်ခြင်းနှင့် အကောင့်ဖွင့်ခြင်းအကြောင်း တစုံတရာသိရှိလိုပါက Yoma Fleet ၏ ၂၄ နာရီ Hotline ဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းနိုင်ပါ်သည်။
- Hotline: 09 YOMAFLEET (09 966 235 338)
- Email: aung@yomafleet.com





