ပိုမိုကောင်းမွန်တဲ့ မြို့ပြလူနေမှုစနစ် အတွက် Yoma Car Share ကဘယ်လို အကူအညီပေးနိုင်သလဲ?

ပိုမိုကောင်းမွန်တဲ့ မြို့ပြလူနေမှုစနစ် အတွက် Yoma Car Share ကဘယ်လို အကူအညီပေးနိုင်သလဲ?

ပိုမိုကောင်းမွန်တဲ့ မြို့ပြလူနေမှုစနစ် အတွက် Yoma Car Share ကဘယ်လို အကူအညီပေးနိုင်သလဲ?

မြန်မာနိုင်ငံတွင် Sustainable Mobility သည် ခေတ်ရေစီးကြောင်းတစ်ခုမျှသာ မဟုတ်ဘဲ လူဦးရေထူထပ်မှု၊ ကားပါကင်အခက်အခဲနှင့် မြင့်တက်လာသော နေထိုင်မှုစရိတ်များကို ရင်ဆိုင်နေရသည့် ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာပါသည်။ ထိုကြောင့် Yoma Car Share ကဲ့သို့သော ကားအငှားဝန်ဆောင်မှုများသည် မြို့ပြနေထိုင်သူတို့၏ အခက်အခဲများကို လျှော့ချပေးနိုင်သည့်အပြင် ပိုမိုကောင်းမွန်၍ စမတ်ကျသော လူနေမှုစနစ်ကို ဖော်ဆောင်ရာတွင်လည်း အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။

Sustainable Mobility ဆိုတာဘာလဲ?

Sustainable Mobility ဆိုသည်မှာ ယာဉ်ကြောပိတ်ဆို့မှုနှင့် လေထုညစ်ညမ်းမှုများကို လျှော့ချပြီး သွားလာရေးကို ပိုမိုထိရောက် လွယ်ကူစေရန် ဖော်ဆောင်ခြင်းပင် ဖြစ်သည်။  

Sustainable Mobility စနစ်တွင် Yoma Car Share ၏ အခန်းကဏ္ဍ

Yoma Car Share သည် မိုဘိုင်းလ်အက်ပလီကေးရှင်း မှတစ်ဆင့် ကားဘိုကင်တင်ခြင်း၊ သော့ဖွင့်ခြင်းနှင့် ငွေပေးချေခြင်းတို့ကို လွယ်ကူစွာ လုပ်ဆောင်နိုင်သော စမတ်ကျသည့် ကားငှားရမ်းမှု ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ ကားကို ပိုင်ဆိုင်ရန် မလိုအပ်ဘဲ လိုအပ်သည့်အချိန်တွင်သာ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်သည့် စနစ်ဖြစ်သောကြောင့် မြို့ပြနေသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် များစွာအကျိုးပြုလျက်ရှိပါသည်။ 

Yoma Car Share ၏ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ အကျိုးကျေးဇူးများ

Car Sharing စနစ်သည် နေ့စဉ်လမ်းပေါ်ရှိ မော်တော်ယာဉ်အရေအတွက်ကို လျှော့ချပေးနိုင်သဖြင့် ယာဉ်ကြောပိတ်ဆို့မှုနှင့် နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုနှုန်းတို့ကို သိသာစွာ ကျဆင်းစေပါသည်။ ကိုယ်ပိုင်ကား သုံးစွဲမှုအစား မျှဝေသုံးစွဲသည့်စနစ်ကို လူအများ ပိုမိုရွေးချယ်လာသည်နှင့်အမျှ ကားပါကင်အတွက် လိုအပ်သော နေရာများကိုလည်း လျှော့ချနိုင်ပြီး မြို့ပြပတ်ဝန်းကျင်ကိုလည်း ပိုမိုကောင်းမွန်လာစေမည် ဖြစ်ပါသည်။ 

သုံးစွဲသူများအတွက် Yoma Car Share ၏ အဓိကအားသာချက်များ 

Yoma Car Share သည် သုံးစွဲသူများ၏ နေထိုင်မှုဘဝ အဆင်ပြေချောမွေ့စေရုံသာမက မြို့ပြအတွက်ပါ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါသည်။ 

ကိုယ်တိုင်မောင်းနှင်နိုင်ခြင်း: အနီးနားခရီးစဉ်များမှစ၍ ခရီးဝေးသွားလာမှုများအထိ မိမိစိတ်ကြိုက် အချိန်ဇယားအတိုင်း လွတ်လပ်စွာ မောင်းနှင်နိုင်ခြင်း။ 

နည်းပညာသုံး ဝန်ဆောင်မှု: ကားဘိုကင်တင်ခြင်း၊ တံခါးဖွင့်ခြင်းနှင့် ငွေပေးချေခြင်းတို့ကို Digital စနစ်ဖြင့်သာ လုပ်ဆောင်နိုင်သဖြင့် အချိန်ကုန်သက်သာစေခြင်း။ 

ယာဉ်အမျိုးအစား စုံလင်ခြင်း: ခရီးစဉ်အလိုက် ရွေးချယ်နိုင်ရန် Compact ကားများ၊ Sedan၊ SUV၊ MPV မှစ၍ ၁၀ ယောက်စီးနှင့် ၁၄ ယောက်စီး ကားများအထိ စုံလင်စွာ ထားရှိပေးခြင်း။ 

၂၄/၇ အကူအညီရယူနိုင်ခြင်း: ခရီးစဉ်တစ်လျှောက် ဘေးကင်းလုံခြုံပြီး စိတ်အေးချမ်းသာစွာ သွားလာနိုင်ရန် ၀န်ဆောင်မှုပေးနိုင်သည့် 24/7 Hotline ကို ထားရှိပေးခြင်း 

ထို့ကြောင့် Yoma Car Share သည် သုံးစွဲသူများ၏ နေထိုင်မှုဘဝ အဆင်ပြေချောမွေ့စေသည့်အပြင် အချိန်ကုန်သက်သာပြီး ပတ်ဝန်းကျင်အထောက်အကူပြုနိုင်‌သော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သော ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။